အပိုင်း(၉၉.၃)

1K 114 0
                                    

အပိုင်း(၉၉.၃)

ယဇ်ပုလ္လင်ကို လျန်ကွမ်မြင်လိုက်ချိန်၊ သူချက်ချင်း စိတ်လှုပ်တရှားပြေးသွားလေတော့တယ်။ သို့သော်၊ မှော်လက်နက်ကို ချက်ချင်းမယူလိုက်ဘဲ သူ့နောက်ကလူသုံးဦးကို လှည့်ကြည့်လာလိုက်လေတယ်။

“ငါက ငါ့ဂျူနီယာညီငယ်လေးကိုလေ့ကျင့်ပေးဖို့လိုက်လာခဲ့တာ၊” လျန်ကွမ်ဘာမေးချင်လဲဆိုတာကိုသိနေတော့၊ ရှောက်ကျီက ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် အရင်ထုတ်ပြောလာလေတော့တယ်။

“မှော်လက်နက်ကိုကျွန်တော်မလိုချင်ဘူး၊” ချင်ကွမ်ဟိုင်က ရိုးရိုးသားသားခေါင်းခါပြလာလေတယ်။ သူ့ရုပ်ခန္ဓာက ဂမ္ဘီရပညာရှင်ဖြစ်လာမယ်လို့ဆုံးဖြတ်ထားတာကြောင့်၊ မှော်လက်နက်အများကြီး သူမလိုအပ်နေလေဘူး။

“ငါလည်းမလိုချင်ဘူး၊” ချန်းယုက အဲ့တာကို ပိုတောင်မလိုချင်လှလေဘူး။

အထဲကိုလာပြီးမှတော့ မှော်လက်နက်ကို သူ့အတွက်နဲ့ ဘယ်သူမှလက်လျှော့ပေးမယ်မဟုတ်ဘူးဆိုတာကို လျန်ကွမ်သိနေလေတယ်၊ ဒီတော့ ဒီကျေးဇူးကို သူအမြဲမှတ်ထားပေးမှာဖြစ်လေတယ်: “စကားကောင်းတွေပြောမနေတော့ဘူး။ ဒီမှော်လက်နက်ကို ဒီနေ့ ငါရနိုင်သည်ဖြစ်စေ မရနိုင်သည်ဖြစ်စေ၊ အနာဂတ်မှာ မင်းတို့ကိုငါကူညီပေးနိုင်တာမျိုးရှိခဲ့မယ်ဆိုရင်၊ ငါဘယ်တော့မှငြင်းဆန်လိုက်မှာမဟုတ်ဘူး။”

လူတိုင်းက‌ပြုံးပြီး သူ့အားအချိန်မဆွဲလိုက်လေတော့ဘူး။

လျန်ကွမ်က လှည့်လာလိုက်ပြီး မှော်လက်နက်ကိုဝန်းရံထားတဲ့နောက်ဆုံးအကာရံကို ကြည့်လိုက်ပြီးနောက်၊ လက်ဆန့်ထုတ်လာလိုက်လေတယ်။

ရှောက်ကျီနဲ့ ချင်ကွမ်ဟိုင်က အသက်ရှုအောင့်ထားကြပြီး၊ ဒီမြင်ကွင်းကို စိတ်လှုပ်တရှားကြည့်နေကြပြီး လျန်ကွမ်ရဲ့ကျင့်ကြံရေးအဆင့်က မှော်အကာရံကိုချိုးဖောက်ဖို့ မလုံလောက်နေမှာကို စိတ်ပူနေကြလေတယ်။

နောက်ဆုံးအကာရံကိုကျော်ဖြတ်တာမှာ ကောင်းကင်ဘုံဆရာရဲ့ကျင့်ကြံရေးအဆင့်ပေါ်မှာ မူတည်တာမဟုတ်ပဲ၊ ကောင်းကင်ဘုံဆရာအပေါ် မှော်လက်နက်ရဲ့အသိမှတ်ပြုနိုင်စွမ်းပေါ်မှာမူတည်တယ်ဆိုတာကို ချန်းယုတစ်ဦးတည်းသာသိလေတယ်။ မှော်လက်နက်က ဆန္ဒမရှိဘူးဆိုရင်၊ မှော်အကာရံကို ကောင်းကင်ဘုံဆရာထိလိုက်ချိန်၊ သူ ဒါမှမဟုတ် သူမက တောင်ကြားကနေ ဖယ်ထုတ်ခံလိုက်ရမှာဖြစ်လေတယ်။ မှော်လက်နက်သာ ဆန္ဒရှိမယ်ဆိုရင်၊ ‌ကောင်းကင်ဘုံဆရာက မှော်လက်နက်ကို ဘာစွမ်းအားမှထုတ်နေဖို့မလိုအပ်ဘဲ အလွယ်တကူရရှိသွားမှာ။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]Where stories live. Discover now