Extra 1
လဝက်ကြာတော့။
ချန်းယုက စားပွဲပေါ်က စာအုပ်ပုံတွေထဲက သူမဖုန်းကိုရှာပြီး၊ အခုလေးတင်ရောက်လာတဲ့စာကို ဖွင့်ဖတ်လာလိုက်လေတယ်။
လော့မင်: မင်းအတန်းပြီးရင် ကိုယ်လာကြိုလိုက်ရမလား?
ချန်းယု: အိုကေ(*^__^*) ဟီ-ဟီ...
ပြန်စာပို့လိုက်ပြီးနောက်၊ ချန်းယုက နာရီကြည့်ကြည့်လိုက်တော့ နေ့လယ်ခင်း နှစ်နာရီထိုးနေပြီဆိုတာကို မြင်လိုက်ရလေတယ်။ ဖတ်လို့မပြီးနိုင်ပုံပေါ်တဲ့ သူမရှေ့ကမှတ်စုတွေကိုဖတ်ရှုပြီးနောက်၊ သူမခေါင်းကိုကုတ်ပြီး ညည်းညူလာလေတယ်။
ဒီနှစ်ဝက်အတွင်း ချန်းယုရဲ့ပျက်ရက်တွေကအတော်များနေလေပြီး၊ နောက်ဆုံးစာမေးပွဲဖြေဆိုရဖို့ တစ်လသာကျန်ရစ်တော့လေတယ်။ ဒါက သူမချင်းမန့်တောင်ကနေပြန်လာပြီးနောက် စာလေ့လာရုံကလွဲလို့ ဘာမှလုပ်စရာအချိန်မရှိဖြစ်သွားခဲ့လေတယ်။
ဟင့်အင်း၊ စာမလေ့လာခင်၊ သူမတစ်ခုတော့လုပ်ခဲ့သေးတယ်။ သူမစိတ်စွမ်းအင်တွေပြန်သက်သာလာတာနဲ့၊ မြေအောက်လောကကို လော့မင်နဲ့အတူ အဖိုးဝူဆီအလည်သွားခဲ့လေတယ်။
ကံမကောင်းတာက၊ အဖိုးဝူရဲ့ဝိညာဉ်နဲ့ သူတို့မတွေ့ခဲ့ရလေဘူး။ သူတို့ကြားခဲ့ရတာတွေဆိုလို့ အဖိုးဝူရဲ့ပုံပြင်တွေပဲ။
ပုံပြောသူ ရှန်နန်ရဲ့မူရင်းစကားတွေက၊ ဒီလိုဖြစ်လေတယ်: "လွန်ခဲ့တဲ့သုံးရက်တုန်းက နျိူထုန်နဲ့မာမြန်ခေါ်လာခဲ့တဲ့ဝိညာဉ်က မင်းအဖိုးပေါ့? သူ့နာမည်ကဝူလီတဲ့။ သူပြန်လည်မမွေးဖွားရသေးဘူး၊ ဒါပေမဲ့ မင်းသူနဲ့တွေ့လို့မရနိုင်ဘူး။ သူမြေအောက်လောကဆီလာတဲ့ပထမဆုံးရက်မှာတင် မင်ဝမ်ကိုရန်စမိခဲ့တာလေ။"
သူမအဖိုးက လူတွေကိုလှည့်စားရတာကို သဘောကျတယ်ဆိုကြောင်း သူမသိပေမဲ့၊ သူမအံ့ဩရတာက၊ သူ့ကိုယ်သူတောင် လှည့်ကွက်ဆင်ခဲ့သေးတာကိုပေါ့: "မင်ဝမ်ကိုသူဘယ်လိုရန်စခဲ့တာလဲ?"
"မင်ဝမ်ရဲ့သမီးကို အပျော်အပြက်လုပ်မိတယ်ဆိုလား။" ရှန်နန်က သတိထားကာ ပြောပြလာလေတယ်၊ "မင်းအဖို့ရဲ့ကုသိုလ်ကံကြီးမားမှုကြောင့်သာမဟုတ်ဘူးဆိုရင်၊ သူသာအခြားတစ်ယောက်သာဖြစ်နေခဲ့ရင်၊ မင်ဝမ်က သူ့ဝိညာဉ်ပျံ့ကျဲသွားအောင်လုပ်ခဲ့လောက်ပြီတဲ့။"