အပိုင်း(၁၁၀.၂)
"မင်းတို့နှစ်ယောက်လုံး ရန်ဖြစ်နေတာရပ်လိုက်ကြတော့၊" ပြီးပြည့်စုံတဲ့ဟွာရှဲ့က ချက်ချင်း ကြားဖြတ်ပြောလာလိုက်တယ်၊ "ဆရာဝူက အဲ့လိုပြောချင်တာမဟုတ်ဘူးဆိုတာသေချာနေတာကို။"
ယန်ချုံမင်းက ပြင်းပြင်းထန်ထန်ပြန်ဖြေလာလိုက်ပေမဲ့၊ ပြီးပြည့်စုံတဲ့ဟွာရှဲ့ကိုတော့ မျက်နှာသာပေးတဲ့အနေနဲ့ ထပ်စကားမပြောလာလိုက်လေဘူး။
ဒီမှာရှိနေတဲ့လူတွေအားလုံးထဲ၊ ဂမ္ဘီရပညာမှာအကျွမ်းကျင်ဆုံးဖြစ်တဲ့ ပြီးပြည့်စုံတဲ့ဟွာရှဲ့ဝင်ပြောလာတာကို၊ ရှန်းချင်းကျူကြားလိုက်တော့၊ မေးလာလိုက်လေတယ်၊ "ချင်းမန့်တောင်ဆီ ဒီတစ်ခေါက်ငါတို့သွားရင် ဖြစ်လာနိုင်မယ့်ကံကြမ္မာကို ပြီးပြည့်စုံတဲ့ဟွာရှဲ့များတွက်ချက်နိုင်မလားဆိုတာ ငါသိချင်မိတယ်?"
"ငါတွက်ချက်လို့ရတယ်!"
လူအုပ်ကအကြည့်က ချက်ချင်းသူ့ထံလှည့်လာကြလေတယ်။
ပြီးပြည့်စုံတဲ့ဟွာရှဲ့ ခဏလောက်စဉ်းစားလိုက်ပြီးနောက် ပြောပြလာလေတယ်၊ "ငွေရောင်မျဉ်းကြောင်းလေးရှိနေသေးတယ်လို့ သုံးထောင့်ကြယ်ကပြနေတယ်။"
ငွေရောင်မျဉ်းကြာင်းဆိုတာက၊ မျှော်လင့်ချက်ရှိနေသေးတယ်လို့ ဆိုလိုတာ။ လူအုပ်ရဲ့မျက်နှာအမူရာက ချက်ချင်းတောက်ပလာကြပြီး၊ သူတို့က ထပ်မံဆွေးနွေးလာကြလေတယ်။
"မကောင်းမှုစွမ်းအင်က ပိုပိုများလာပြီ။ ချိပ်ဘယ်ချိန်ထိခံနိုင်မလဲဆိုတာ ငါလည်းမသိဘူး။" ယန်ချုံမင်းက စိတ်ပူနေလေတယ်။ "ချင်းမန့်တောင်ကနေ မိုးခေါင်နတ်ဆိုး လွတ်မြောက်သွားတာနဲ့၊ ငါတို့သူ့ကိုချိပ်ပိတ်နိုင်မယ့်နည်းကိုရှာတွေ့ခဲ့မယ်ဆိုရင်တောင်၊ ဖြစ်လာမယ့်အကျိုဆက်တွေကတော့..."
ယန်ချုံမင်းက ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်မလဲဆိုတာကို အတိကျမပြောလာခဲ့ပေမဲ့၊ ထိုင်နေကြတဲ့လူတွေအားလုံးက ခန့်မှန်းမိကြလေတယ်။
"ချိပ်က တစ်ရက်တော့ခံနိုင်သေးတယ်။" သာယာနားပျော်ဖွယ်ကောင်းတဲ့ မိန်းကလေးတစ်ဦးရဲ့အသံ ရုတ်တရက် ထွက်ပေါ်လာလေတယ်။ ထိုအသံက အားမာန်ပါတဲ့အသံရင့်တွေကြား အတော်လေးရှင်းလင်းသိသာလေတယ်။