အပိုင်း(၁၁၉): Extra 5

1K 100 0
                                    

အပိုင်း(၁၁၉.၁): Extra 5

အခုဆိုတစ်လရှိပြီ၊ အဖိုးဝူမြေအောက်လောကဆီရောက်လာတာ တစ်လကြာပါပြီ။ သူက အိပ်လည်းမအိပ်၊ စားလည်းမစား၊ သောက်လည်းမသောက်သလို မင်ဝမ်စံအိမ်ရှေ့ရပ်စောင့်နေခဲ့တာ တစ်လကြာနေပြီ။

အခုသူသရဲဖြစ်နေတာကြောင့် ကျေးဇူးတင်ရမယ်။ သူသာသက်ရှိလူဖြစ်နေမယ်ဆိုရင်၊ သူမစား၊မသောက်၊မအိပ်ပဲ ဘယ်လိုလုပ်တစ်လကြာအောင်နေနိုင်မှာလဲ?

အဖြူအမည်းမမြဲသောက မင်ဝမ်စံအိမ်ထဲကနေ စာရွက်စာတမ်းဖိုင်ကိုကိုင်ကာ ထွက်လာကြလေတယ်၊ တံခါးမှာရပ်နေတဲ့လူရွယ်ဝူကိုမြင်တော့၊ သူတို့က လူရွယ်ဝူကို ဖျောင်းဖျစကားပြောလာကြလေတယ်။

“အဖိုးဝူ၊ အာ၊”

“ငါ့ကိုရှောင်းဝူလို့ခေါ်၊” နိုင်ဟယ်တံတားမှာ မြောင်မြောင်က သူအိုနေပြီပဲလို့ပြောလာကတည်းက၊ လူရွယ်ဝူမှာ သူ့အားအဖိုးလို့ခေါ်လာတာကြားရင် အတော်လေးစိတ်အနှောက်ယှက်ဖြစ်နေလေတော့တယ်။

“...” အမည်းမမြဲသောက စကားနင်သွားကြလေတော့တယ်။

“မင်းကအဖိုးကြီးဖြစ်နေပြီပဲကို၊ ဒါတောင် ငယ်ချင်ယောင်ဆောင်ချင်သေးတယ်ပေါ့၊” အဖြူမမြဲသောက အထင်သေးစွာ ပြောလာလေတယ်။

“မင်းတို့အသက်နဲ့ယှဥ်ရင်၊ ငါ့ကိုရှောင်းဝူလို့ခေါ်ဖို့က မခက်ပါဘူးလေ၊ ဟုတ်တယ်မလား?” အဖိုးဝူက အရှက်မရှိ‌မေးလာလေတော့တယ်။

“...” အဖြူမမြဲသောလည်း ပြောစရာစကားမဲ့သွားရလေတယ်။

အဖြူအမည်းမမြဲသောက အခုသူတို့အသက်ဘယ်လောက်ရှိပြီလဲဆိုတာကို မမှတ်မိကြလေတော့ဘူး၊ ဒါပေမဲ့ အဖိုးဝူကို ရှောင်းဝူလို့ခေါ်ရတာက သူ့ကိုမြှောက်ပင့်ပေးနေသလိုမျိုးဖြစ်နေလေတယ်။

“အိုကေ၊ ရှောင်းဝူဆိုတော့လည်းရှောင်းဝူပေါ့။ မင်းနာမည် အဖိုးဝူဖြစ်ဖြစ် ရှောင်းဝူဖြစ်ဖြစ်၊ မင်းမြောင်မြောင်ကို ဘယ်တော့မှတွေ့နိုင်မှာမဟုတ်ဘူး၊” အမည်းမမြဲသောက ပြောလာလေတယ်။

“ငါသူ့ကိုမတွေ့ရဘူးဆိုရင်၊ ဒီမှာပဲတစ်သက်လုံးနေသွားမှာ၊” လူရွယ်ဝူက ခေါင်းမာနေလေတယ်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]Where stories live. Discover now