အပိုင်း(၁၁၂.၃)

904 91 0
                                    

အပိုင်း(၁၁၂.၃)

မိုးခေါင်နတ်ဆိုးက ချန်းယုထက်တောင် ယှဉ်ပြိုင်စိတ်ပြင်းထန်ပုံပါပဲ။ ချန်းယုရှိတဲ့နေရာကိုပဲ သူဆက်တိုက်ထိုးချလာလေတယ်၊၊ မှော်အကာရံထဲ မကောင်းမှုစွမ်းအင်တွေ ပိုပိုစုစည်းလာလေတော့တယ်။ ချင်းမန့်တောင်ကောင်းကင်ထက်မယ် မကောင်းမှုစွမ်းအင်တွေပျံ့နှံ့နေပြီး နေမထွန်းလင်းနိုင်အောင် ပိတ်ပင်ထားလေတော့တယ်။

ချန်းယုက အံကြိတ်လိုက်ပြီး သိသာပေါ်လွင်လုနီးပါးဖြစ်နေပြီဖြစ်တဲ့ သတ်ဖြတ်လိုတ်ဆန္ဒတွေကို တောင့်ခံထားရင်း၊ နောက်မဆုတ်သွားအောင် ကြိုးပမ်းနေလေတော့တယ်။

မိုးခေါင်နတ်ဆိုးက ရိုက်ချက်တော်တော်များများထိုးလာပြီးနောက် မှော်အကာရံကို သူဖျက်ဆီးလို့မရနိုင်ဘူးဆိုတာကို ရှာတွေ့လိုက်လေတော့တယ်။ သူလှုပ်ရှားနေတာရပ်လိုက်လေတယ်။ ကုိယ်လှည့်လိုက်ပြီး အစီရင်ဗဟိုကိုစိုက်ကြည့်လိုက်ပြီးနောက်၊ သူ့မျက်နှာပေါ် သရော်ပြုံးတစ်ခု ဖြစ်ထွန်းလာလေတော့တယ်။

သူ့အဝတ်စားတွေက ပျက်စီးနေပြီး: သူ့နက်မှောင်နေတဲ့မျက်နှာ; သူ့သွေးရောင်မျက်လုံးတွေ၊ သူ့မျက်နှာပေါ်က ‌အဲဒီလှောင်ပြုံးက ပိုတောင်ကြောက်ရွံ့ဖွယ်ကောင်းလာစေလေတယ်။

"ငါမင်းကိုမှတ်မိတယ်..." မိုးခေါင်နတ်ဆိုးက ချန်းယုကိုကြည့်လာလေတယ်။ သူ့အသံက သံချေးတက်နေတဲ့စက်သံနဲ့တူပြီး၊ သူပြောတဲ့စကားတိုင်းက နားကွဲလုမတတ်ဖြစ်စေလေတယ်: "ငါ့ကိုချိပ်ပိတ်ခဲ့တဲ့လူကမင်းပဲ။"

လူကိုးယောက်ရှိတာကို၊ ငါ့ကိုဘယ်လိုလုပ်မှတ်မိနေနိုင်ရတာလဲ? အရမ်းလှလွန်းနေတဲ့ငါ့အမှားပါလေ။ ချန်းယုမှာ မျက်လုံးလှိမ့်ချင်စိတ်ကို မထိန်းနိုင်ဖြစ်လာလေတော့တယ်။

"ငါမင်းကိုပြောပါတယ်။ ငါနိူးလာရင်၊ မင်းကိုကိုက်စားပစ်မယ်လို့။" မိုးခေါင်နတ်ဆိုးက တစ်လုံးချင်းစီ၊ ရက်ရက်စက်စက်ပြောလာလေတော့တယ်။

လွန်ခဲ့တဲ့ နှစ်သုံးရာကဟာကိုပြောချင်တာလား? နှစ်သုံးရာကျော်ကဟာတွေကို မှတ်မိသေးတယ်ပေါ့လေ။ အိုက်ယား၊ နင့်မှတ်ဉာဏ်ကအတော်လေးကောင်းတာပဲနော်။ ဒီလိုဟာမျိုးကို ဘယ်လိုအရည်ချင်းရှိသူမျိူးက အသက်ရှင်ခွင့်ပေခဲ့တာလဲ?

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]Nơi câu chuyện tồn tại. Hãy khám phá bây giờ