အပိုင်း(၁၀၄.၁):လျှောက်လွှာတင်တာကိုငြင်းခြင်း
သုံးရက်ကြာပြီးနောက်၊ မြို့တော်တက္ကသလိုလ်၌။
ချန်းယုက မနက်အတန်းတက်ချိန်ပြီးလို့ ကန်တင်းဆီသွားနေချိန် ဖုန်းဝင်လာလို့ပြန်ဖြေလိုက်လေတယ်၊၊ သူမလက်ထဲကစာအုပ်တွေကို ဖန်ဖေဖေထံထည့်ပေးလိုက်ရင်း၊ လှည့်ထွက်လာလိုက်လေတယ်: “နေ့လယ်အတန်းချိန်ကျရင် ငါ့ကိုခေါ်လိုက်။”
“နင်ကျောင်းပြန်ရောက်လာတာမှနှစ်ရက်ပဲရှိသေးတာ၊ ဘယ်ထပ်သွားဦးမလို့လဲ?” ဖန်ဖေဖေက အော်ပြောလာလေတယ်၊ “နင်ဒီလိုသာဆက်လုပ်နေမယ်ဆိုရင်၊ နောက်ဆုံးစာမေးပွဲမှာကျသွားနိုင်တယ်နော်။”
အဝေးကိုပြေးသွားပြီဖြစ်တဲ့ချန်းယုက ပြန်လှည့်မကြည့်လာဘဲ အော်ပြောလာလေတော့တယ်၊ “ငါ့အတွက်လည်းမှတ်စုလိုက်မှတ်ပေးထားဦး။ ငါပြန်လာရင်ဖတ်လိုက်မယ်။”
“သွားချိန်းေတွ့တာပဲဖြစ်ရမယ်၊” ယန်ယောက ကောက်ချက်ချလာလိုက်လေတယ်။
“အမှန်ပဲ၊” ကျန်ဝမ်ဝမ်ကပြောလာလေတယ်၊ “အခုတလော၊ သူမဖုန်းကိုင်ချိန်တိုင်း ရူးမူးနေတဲ့အပြုံးကြီးပြုံးနေတတ်တာ။”
“ဒါက ငါ့ကိုချစ်သူလိုချင်လာအောင်လုပ်နေတာပဲတာပဲ” ဖန်ဖေဖေမှာ သက်ပြင်းချလာလိုက်လေတယ်။
“အဲဒီတစ်ယောက်လေ...” ဖန်ဖေဖေကိုကြားလာတော့၊ ယန်ယောက ရုတ်တရက်ကြီး တစ်ခုခုကိုပြန်မှတ်မိလာပြီး၊ “ရှီရှီရဲ့အွန်လိုင်းသူငယ်ချင်း၊ ကွန်ပျူတာသိပ္ပံဌာနက အဲဒီစီနီယာေလ; သူ့နာမည်ဘာပါလိမ့်?...သူက နင့်လိုက်နေတာမဟုတ်လား?”
“ဖေဖေက သူရုပ်ဆိုးတယ်လို့ထင်လို့တဲ့၊” ကျန်ဝမ်ဝမ်က အပြုံးနဲ့ပြန်ဖြေပေးလာလေတယ်။
“သူကအဆင်ပြေပါတယ်။ သူ့မျက်နှာပေါ်မှာ ဝက်ခြံများနေတာလေးတင်ပါပဲ၊” ဖန်ဖေဖေက ပုခုံးတွန့်ကု ပြန်ဖြေလာလိုက်လေတယ်။
“ဝက်ခြံ? နင်သာသူမဆိုးဘူးလို့ထင်ရင်၊ သူ့ဝက်ခြံတွေပျောက်သွားမယ့်နည်း ငါအကြံပေးပေးလို့ရတယ်။ နှစ်လအတွင်း နူးညံ့တဲ့အသားရေလေးရလာစေရမယ်လို့ ငါအာမခံနိုင်တယ်။” ယန်ယောက ပြောလာလေတယ်။
YOU ARE READING
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]
Horrorချန်းယု × လော့မင် စာအုပ်အဆက်