အပိုင်း(၁၀၄.၂)

1K 107 0
                                    

အပိုင်း(၁၀၄.၂)

“ဒါအမှန်ပဲ၊” ဆရာမော်ကလည်း သဘောတူလေတယ်၊ “ရုပ်လွန်ပညာလေကအတွက် ဘာကြောင့်ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ထားရလဲဆိုတဲ့ အကြောင်းရင်းကို လူထုဆီထုတ်ပြန်မပြောထားသေးပေမဲ့၊ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့နေရာတွေထဲ အကြောင်းပြချက်တွေကို ပြောပြလို့ရတာနဲ့ ရုပ်လွန်ပညာအသိုင်းဝိုင်းက ကောင်းကင်ဘုံဆရာအားလုံး မပြောပြလို့မရတဲ့ဟာဆိုလို့အနည်းငယ်ပဲရှိတာ။ အဲဒီနေရာတွေက... နိုင်ငံတော်ရဲ့နဂါးသွေးကြောရှိရာတွေမှာ တည်ရှိနေကြတာ။”

နိုင်ငံတော်ရဲ့သွေးကြောတွေဆိုတဲ့သကားလုံးကိုကြားလိုက်ရတော့၊ ချန်းယုနဲ့ လော့မင်အမူအရာတွေက တဖျပ်ဖျပ်လှုပ်လာလေတယ်။

“ချင်းမန့်တောင်က နဂါးသွေးကြောထိပ်မှာရှိနေတာမဟုတ်ဘူးလေ၊၊ မဟုတ်ရင်၊ လျှောက်လွှာတင်တာကို ဒီလိုလွယ်လွယ်ကူကူတင်လို့ရခဲ့မှာမဟုတ်ဘူး။”

“ဒါလည်းမရ ဟိုဟာလည်းမရဖြစ်နေတာ၊ ဒါပေမဲ့ ဝိညာဉ်လက်နက်က အဲဒီမှာရှိနေတယ်ဆိုတာ သေချာနေတာပဲကို၊၊ ကျွန်မတို့ဘာလုပ်ရတော့မှာလဲ?” ဒါက တစ်ခုခုကိုရှာချင်ရုံလေးပဲလေ? ဘာလို့အရမ်းရှုပ်ထွေးနေရတာလဲ?

“အနည်းဆုံးအနေဖြင့်၊ ရုပ်လွန်ပညာလောကမှာ ချင်းမန့်တောင်ကို ဘာကြောင့်ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ထားရလဲဆိုတဲ့အကြောင်းရင်းကို ငါတို့သိဖို့လိုတယ်။ ဒီနည်းနဲ့မှ၊ ဘာလုပ်ရမလဲဆိုတာ ငါတို့သိနိုင်မှာ။” ဆရာမော်က ပြောပြလာလေတယ်။

“ကျွန်တော်သဘောတူတယ်၊” လော့မင်က ထောက်ခံသလိုခေါင်းညိတ်ပြလာလေတယ်၊ ထို့နောက်မှာတော့ သူ့ခေါင်းကိုလှည့်လာလိုက်ပြီး ချန်းယုကို ဆိုဆုံးမလာလေတော့တယ်။ “ရှီရှီ၊ ကိုယ့်ကိုကတိပေး၊၊ တိတ်တိတ်လေးခိုးမဝင်သွားရဘူး ပြီးတော့ အဓိပ္ပာယ်မရှိတာတွေမလုပ်ရဘူးလို့။”

ချန်းယုက နှုတ်ခမ်းဆူလာပြီး လော့မင်အား ပြန်မဖြေလာလိုက်လေဘူး။ သူမတိတ်တိတ်လေးခိုးထွက်သွားမယ်လို့ သိသိသာသာဖော်ပြနေတာက လော့မင်ကို တစ်ချိန်တည်းမှာ စိတ်တို၊ သဘောတွေ့လာစေလေ‌တယ်။ ချန်းယုရဲ့ရိုးသားမှုနဲ့ သူ့အားမလိမ်ညာချင်တာနဲ့ပတ်သတ်လို့ ကျေနပ်ရမလား၊ သူမရဲ့မလိမ်မာတဲ့စရိုက်ကြောင့် စိတ်ပျက်ရမလားဆိုတာကိုတောင် သူမသိလေတော့ဘူး။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]Where stories live. Discover now