အပိုင်း(၁၁၀.၃)
"ရစ်ခွေနေသောနဂါးအစီရင်၊ ရစ်ခွေနေသောနဂါးအစီရင်..." ရှန်းချင်းကျူက ဧည့်ခန်းထဲခေါက်တုံ့ခေါက်ပြန်လျှောက်လိုက်ပြီးနောက် ရှေးခေတ်မှတ်တမ်းတစ်ခုကို သတိရလာလေတယ်၊ "ရှေးခေတ်တုန်းက၊ အကြွင်းမဲ့အစီရင်တစ်ခုရှိတယ်၊ အဲ့တာက နဂါးပျံတွေကိုတောင်ထောင်ချောက်ဆင်ဖမ်းပေးနိုင်တယ်။ နဂါးတေွအစီရင်ထဲဝင်လာချိန်၊ သူတို့တွေက ရစ်ခွေနေသောနဂါးတွေဖြစ်လာကြမယ်၊ ဒါကြောင့် ရစ်ခွေနေသောနဂါးအစီရင်လို့ခေါ်တာ။ ရစ်ခွေနေသောနဂါးအစီရင်ဖြစ်နေတာကို၊၊ ရစ်ခွေနေသောနဂါးအစီရင်... မိုးခေါင်နတ်ဆိုးကို အဲ့တာချိပ်ပိတ်ပေးနိုင်တာ ထူးဆန်းစရာမရှိဘူးပဲ။"
"ဆရာရှန်း၊ အဲဒီအစီရင်ကိုမင်းသိတယ်လား?" ယန်ချုံမင်းက တအံ့တဩမေးလာလိုက်လေတယ်။
"သိတယ်။ အဲ့တာက ရုပ်လွန်ပညာလောကထိပ်တန်းအစီရင်ဆယ်ခုထဲကတစ်ခုေလ၊၊ အဲ့တာပျောက်ဆုံးသွားတာကတော့ နှမြောစရာပဲပေါ့။" ပျောက်ဆုံးတဲ့အကြောင်းပြောရင်း၊ ရှန်းချင်းကျူမှာ စိတ်ပျက်လာလေတော့တယ်။
ကျန်တဲ့အရေးပါသူတွေလည်း နုံးခွေလာလေတော့တယ်။ မိုးခေါင်နတ်ဆိုးကိုချိပ်ပိတ်ပေးတဲ့အစီရင်ကို ဖော်ထုတ်ရတာတင် အတော်လေးခက်ခဲနေခဲ့တာ၊ အခုတော့ အစီရင်ကပျောက်ဆုံးသွားခဲ့တာလည်း ကြာနေခဲ့ပြီတဲ့။ အဲဒီတော့ ဘာအစီရင်လဲဆိုတာသိသွားတော့ကော ဘာအသုံးဝင်နိုင်တော့မှာလဲ?
"ရုပ်လွန်ပညာwebsiteမှာ အရေးကြီးမစ်ရှင်အဖြစ်တင်ခိုင်းလိုက်၊ ဆရာအားလုံးကိုခေါ်လိုက်ပြီး ရစ်ခွေနေသောနဂါးအစီရင်ကို ရှာခိုင်းလိုက်မယ်ဆိုရင်ကော၊" ဆရာလျန်က အကြံပေးလာလေတယ်။
"ဟုတ်တယ်၊" ဆရာမော်ကလည်း ထောက်ခံလိုက်လေတယ်၊ "သူငယ်ချင်းလေးချန်းယုက မိုးခေါင်နတ်ဆိုးကိုချိပ်ပိတ်ပေးတဲ့အစီရင်ကိုမှတ်မိနေပြီး ပြီးပြည့်စုံတဲ့ဟွာရှဲ့က မျှော်လင့်ချက်မျဥ်းကြောင်းေလးရှိတယ်လို့ပြောလာမှတော့၊ ဒီအစီရင်က ပျောက်ဆုံးမသွားသေးဘဲ တစ်ယောက်ယောက်က သိမ်းထားသေးတာလည်းဖြစ်နိုင်တာပဲလေ၊"
YOU ARE READING
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]
Horrorချန်းယု × လော့မင် စာအုပ်အဆက်