အပိုင်း(၁၁၁.၂)
အဖိုးဝူက မျက်တောင်ခပ်လိုက်ပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး အဝေးကိုလှမ်းကြည့်လာလိုက်လေတယ်။
ဆရာမော်က သူမပြောတာကို ကြားသွားမှာစိုးတာကြောင့်၊ ချန်းယုက သူမဖုန်းကိုထုတ်ပြီး သူမအဖိုးထံ စာပို့လာလိုက်လေတယ်: (အစောတုန်းက အဖိုးဘာပြောချင်တာလဲ?)
အဖိုးဝူ:(မင်းဘာပြောချင်တာလဲ?)
ချန်းယု:(ဟန်ဆောင်နေတာရပ်လိုက်တော့၊၊ မိုးခေါင်နတ်ဆိုးကိုချိပ်ပိတ်မယ့်အကြောင်း။ကျွန်မတို့ဆွေးနွေးပြီးသွားပြီလေ။ သူ့ကိုသတ်ရမယ့်အကြောင်း ဘာလို့ရုတ်တရက်ကြီးပြောလာရတာလဲ?)
ချင်းမန့်တောင်မှာ မိုးခေါင်နတ်ဆိုးရှိနေတယ်ဆိုတဲ့အကြောင်း ချန်းယုကြားသိရတော့၊ နက်နဲသိမ်မွေ့သောသန့်စင်ခြင်းနဲ့ဖျက်ဆီးခြင်းနည်းပညာကို အသုံးပြုမယ့်အကြောင်း သူမမတွေးခဲ့တာမဟုတ်လေဘူး၊၊ သူမကုသိုလ်ကောင်းမှုရမှတ်က မလုံလောက်သေးတာကြောင့်၊ ပြီးတော့ အဲ့တာက တစ်ခုတည်းသောဖြေရှင်းနည်းမဟုတ်နေတာကြောင့်၊ သူမ,မပြောလာခဲ့တာဖြစ်လေတယ်။ လူအိုကြီးကလည်း သူမနဲ့အတွေးအတူတူပဲလို့ သူမထင်နေခဲ့တာ။ ဒီရက်တွေအတွင်း အဲဒီနည်းပညာအကြောင်း သူပြောလာတာကို သူမ,မကြားခဲ့ရတာကြောင့်ပေါ့။
ဒါပေမဲ့ အခုချိန်မှာတော့၊ ချန်းယုက မသေချာနေလေဘူး။
အဖိုးဝူ;(ငါကသာမန်ကာလျှံပြောပြရုံတင်ပါ။)
ချန်းယု:(အဖိုး၊ အဖိုးက တာမူရွာမှာ ဆယ်စုနှစ်ကြာလောက်နေခဲ့ပေမဲ့၊ အဲဒီကလမ်းကို ကျွန်မကိုပြင်ခိုင်းစေချင်ခဲ့တာ။ ဒီတော့ အဖိုးမှာကုသိုလ်ကောင်းမှုမရှိနေနိုင်ဘူး။)
အဖိုးဝူက သူ့မြေးမလေးကို တစ်ချက်ကြည့်လာလိုက်ပြီး၊ ဘာမှမပြောလိုက်ဘဲ ဖုန်းကိုပြန်သိမ်းထားလိုက်လေတယ်။
ချန်းယုမှာ စိုးရိမ်တကြီးဖြစ်လာပြီး၊ သူမခေါင်းကိုငုံ့ကာ စာဆက်ပို့လိုက်လေတယ်: (အဖိုး၊ ကျွန်မပြောမယ်။ အဖိုးလျှောက်မလုပ်နဲ့နော်။)
ချန်းယု: (မိုးခေါင်နတ်ဆိုးကို ဒီတကြိမ်ချိပ်ပိတ်ပေးပြီးတာနဲ့၊ ရစ်ခွေနေသောနဂါးအစီရင်ပုံကြမ်းကို ကျွန်မချန်ထားပေးလိုက်မယ်။)