အပိုင်း(၁၂၀): Extra 6

1K 107 0
                                    

Extra 6

ရှန်နန်က လော့မင်နဲ့ချန်းယုကို သရဲဂိတ်မှာ လာခေါ်ပေးလေတယ်။ နှစ်ဦးသားကို သက်ရှိဝိညာဉ်အရင် စာရင်းသွင်းပေးရန် ခေါ်သွားခဲ့ပြီးနောက်၊ လက်ဖက်ရောင်းတဲ့ ကော်ဖီဆိုင်တစ်ဆိုင်ကို သူတို့ရှာဖွေလိုက်ကြလေတယ်။

ဘာ? ဒီမှာဘာလို့ ကော်ဖီဆိုင်ရှိနေရတာလဲ မင်းမေးချင်လို့လား?

မြေအောက်လောကမှာ လက်ဖက်ရည်ဆိုင်တောင်ရှိတယ်၊ ဒီတော့ လက်ဖက်ရည်စီးပွားရေးရှိတာ ဘာထူးဆန်းနေမှာလဲ?

လော့မင်က ခရားထဲကလက်ဖက်တွေကို သိချင်စိတ်ဖြင့် သေချာလေ့လာနေလိုက်လေတယ်။ လက်ဖက်ထဲက စိတ်စွမ်းအင်ဖျော့ဖျော့လေးကို သူအာရုံရနေပြီး ဒီလက်ဖက်ရဲ့အရည်သွေးကို ဝိုးတိုးဝါးတားလေး နားလည်လိုက်လေတယ်။

"မြေအောက်လောကက ဒီလောက်ထိတောင်ဖွံ့ဖြိုးနေပြီပေါ့?" ချန်းယုက မြေအောက်လောကကို ဝင်လာကတည်းက အံ့ဩနေရလေတယ်၊ "ဒါကသက်ရှိလောကနဲ့တစ်ပုံစံထဲပဲ။"

"နည်းနည်းကွာတယ်၊" ရှန်နန်က ရှင်းပြပေးလာလေတယ်၊ "ငါတို့မှာလိုက်တဲ့လက်ဖက်ခြောက်က ဒီမှာထိပ်တန်းလက်ဖက်ခြောက်ပဲ၊ ဒီတော့ သက်ရှိလောကက လက်ဖက်နဲ့ဘာကွာခြားမှုမှမရှိဘူး။ ဒါပေမဲ့၊ မြေအောက်လောကက အစားသောက်တော်တော်များများမှာ စိတ်စွမ်းအင်ဖျော့ဖျော့လေးရှိတယ်၊ အရသာတော့မရှိဘူး။"

"အရသာမရှိဘူး? ငါသိပြီ၊" ချန်းယုက ခဏလောက်တွေးကြည့်ပြီးနောက် မေးလာလိုက်တယ်၊ "ဒီလက်ဖက်ရည်တစ်ခွက်ကို ဘယ်လောက်ကျတာလဲ?"

"သက်ရှိလောကအတိုင်းပြောရမယ်ဆိုရင်၊ ဒီလိုလက်ဖက်ရည်တစ်ခွက်ကို ယွမ်၁၀၀၀၀၀ရှိမယ်။" ရှန်းနန်က ပြန်ဖြေပေးလာလေတယ်။

"ဖူး!" ချန်းယုမှာ အရမ်းလန့်သွားတာကြောင့် လက်ဖက်ရည်တွေ ထွေးထုတ်မိလိုက်လေတယ်။ သူမက သူမပါးစပ်ကို သူမလက်နဲ့ မြန်မြန်ကာလာလိုက်လေတယ်။ ဒီလိုခွက်လေးတစ်ခွက်ကို တစ်သိန်းတောင်ရှိတယ်: ဒါဆို သူမထွေးထုတ်လိုက်တဲ့တစ်ငုံက ယွမ်သောင်းချီနဲ့ညီမျှနေတာပေါ့လေ။

လော့မင်က သဘောတကျကြည့်နေလိုက်လေတယ်။ လက်ကိုင်ပုဝါထုတ်ပြီး ချန်းယုထံလှမ်းပေးလိုက်ပြီးနောက်၊ ရှန်နန်ကို ယဉ်ယဉ်ကျေးကျေးပြောလာလိုက်လေတယ်၊ "မင်ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်။"

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]Where stories live. Discover now