အပိုင်း(၁၀၅.၃)

912 103 0
                                    

အပိုင်း(၁၀၅.၃)

‌နောက်နေ့မနက်ခင်း၌၊ ချန်းယုက ဆရာမော် လျန်မိသားစုခေါင်းဆောင်တို့နဲ့ ဟန်ကျန်မြို့ဆီ လေယာဉ်အတူစီးလာခဲ့လေတယ်။ ထို့နောက်တော့၊ ချင်းမန့်တောင်ခြေရင်းမှာရှိတဲ့ ရှန်းမိသားစုစံအိမ်ဆီရောက်ဖို့ ကားရှစ်နာရီကြာစီးခဲ့ရလေတယ်။

အိမ်ထဲချန်းယုဝင်လာတော့၊ ထိုင်ခုံပေါ်ထိုင်ပြီး ဖရဲသီးစေ့ စားနေတဲ့ အဖိုးဝူကို တစ်ချက်လှမ်းကြည့်လာလေတယ်။ သူမက သူ့ထံပြေးသွားလိုက်ပြီး: "အဖိုး။"

"ဟမ်၊ ဖရဲသီးစေ့စားဦး၊" အဖိုးဝူက ဖရဲသီးစေ့လက်တစ်ကုတ်စာလောက်ကောက်ယူလိုက်ပြီး ချန်းယုထံပေးလိုက်လေတယ်။

ချန်းယုက အဲ့တာကိုယူလိုက်ပြီးတော့ မလှုပ်လာလေဘူး။ ထို့နောက်တော့၊ ယန်ချုံမင်း၊ ချန်းယုနဲ့တစ်ကြိမ်တွေ့ဖူးတဲ့သူက၊ စကားတတွတ်တွတ်ပြောလာလေတယ်: "မင်းပြောတဲ့တပည့်ကသူမလား?"

"ဟုတ်တယ်၊ သူမကမတော်ဘူးလား?" အဖိုးဝူက ကြွားဝါလာလိုက်လေတယ်။

ဟမ်! ယန်ချုံမင်းက ဒီလိုအရှက်မဲ့တဲ့လူမျိုးကို တစ်ခါမှမမြင်တွေ့ဖူးလေဘူး: "သူမအသက်ဘယ်လောက်လဲ? ဒါတောင် မင်းကသူ့ကိုလာခိုင်းလိုက်သေးတယ်ပေါ့?"

ဝူလီတပည့်က ဒီလိုငယ်ရွယ်တဲ့သူဖြစ်နေလေတယ်၊ ဒီတော့ အမှန်ကိုသိနေကြတဲ့ အရေးပါးသူတွေရဲ့မျက်နှာက စိတ်ပျက်သွားခြင်းနဲ့ စိတ်ပူနေတယ်ဆိုတဲ့အမူရာတွေ ပြလာကြလေတယ်။

ကိုးစက်ဝန်းအစီရင်ကိုထောက်ပံ့ပေးနေရင်း ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ?

"မင်းဘယ်နှနှစ်ရှိပြီလဲသူ့ကိုပြောပြလိုက်?" အဖိုးဝူက ချန်းယုကိုပြောလာလေတယ်။

"ဆယ့်ရှစ်၊၊ လနည်းနည်းနေရင် ဆယ့်ကိုးပြည့်တော့မယ်။" ချန်းယုက ပြန်ဖြေလာလိုက်လေတယ်။

"ဆယ့်ရှစ်ပဲရှိသေးတာ? သူမဘာလုပ်နိုင်မှာလဲ?" ယန်ချုံမင်းက စိတ်တိုတိုပြောလာလေတယ်။

"ဆယ့်ရှစ်ပဲရှိသေးတာဘာမှားနေလို့လဲ? ငါ့ဆယ့်ရှစ်နှစ်တပည့်လေးက နှစ်တစ်ထောင်ဇွန်ဘီးကိုတောင်ဖမ်း‌နိုင်နေပြီ၊၊ မင်းဆယ့်ရှစ်နှစ်တုန်းက ဇွန်ဘီးတွေဖမ်းတာခံနေရတုန်း၊ မဟုတ်ဘူးလား?" အဖိုးဝူက ထေ့ငေါ့သလိုပြန်ပြောလာလေတယ်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]Donde viven las historias. Descúbrelo ahora