အပိုင်း(၁၀၃.၂)
အဖိုးဝူမျက်နှာမှာ သုန်မှုန်လာလေတော့တယ်။ တစ်ခုခုက ဖြစ်လာတော့မှာကိုသိနေပေမဲ့၊ ဘာဖြစ်လာမှာလဲဆိုတာကို အတိကျမသိနေတဲ့ဒီလိုခံစားချက်မျိုးက၊ တကယ်စိတ်တိုဖို့ကောင်းလှလေတယ်။
အဖိုးဝူက ချီလျန်တောင်မှာ အချိန်အကြာကြီးမနေနေလိုက်ဘဲ ရေကိုမြေနဲ့ပိတ်မယ် စစ်သူကြီးနဲ့ စစ်သားတွေကိုရင်ဆိုင်မယ်ဆိုတဲ့(အခြေနေအရသင့်လျော်တဲ့အစီမံတွေဆောင်ရွက်မယ်)အတွေးမျိုးဖြင့်ထွက်လာခဲ့လိုက်လေတယ်။ ဒါပေမဲ့ စစ်သားတွေကိုရင်ဆိုင်ရမှာနဲ့ ရေပိတ်ရမှာက မြန်မြန်ဖြစ်လာခဲ့လိမ့်မယ်လို့ သူမထင်ထားခဲ့လေဘူး။
လေဆိပ်။
အဖိုးဝူက လေယာဉ်လက်မှတ်နဲ့ ပြန်လာတော့မလို့၊ ထိုအချိန်၌ အဖိုးဝူဖုန်းက QQစာသတိပေးချက်တွေက ဆက်တိုက်ထွက်ပေါ်လာလေတယ်။
ဒီဒီမြည်သံတွေကအဆက်မပြတ်ထွက်လာနေပြီး၊ နားထောင်သူမှာ ကမောက်ကမလာလေတော့တယ်။
အဖိုးဝူ နဂိုကထင်နေခဲ့တာက ရေကူးနေသောနဂါးများအဖွဲ့က သူပြန်လာဖို့တိုက်တွန်းနေတာဖြစ်ရမယ်လို့ပေါ့၊ ဒီတော့ သူ့ဖုန်းကိုထုတ်ကြည့်လိုက်လေတယ်။ သူကလေဆိပ်ရောက်နေပြီမိုလို့၊ သူ့ကိုပြောနေတာတွေ ရပ်လိုက်သင့်ပြီလို့ပြောချင်ခဲ့တာ၊၊ ဒါပေမဲ့ ဆက်တိုက်ပေါ်လာတဲ့စာတွေကိုမြင်လိုက်တော့၊ သူ့အမူအရာကချက်ချင်းလေးနက်လာလေတော့တယ်။
ပြီးပြည့်စုံတဲ့ဟွာရှဲ့: ချင်းမန့်တောင်မှာ ပြောင်းလဲမှုတွေရှိတယ်။
ဆရာကြီးစီဟိုင်: ချင်းမန့်တောင်?
ယန်ချုံမင်း: ချိပ်ပြေလာလို့လား?
ပြီးပြည့်စုံတဲ့ဟွာရှဲ့: အရင်ရက်တွေတုန်းက၊ ငါရုတ်တရက်ကြီး ဂနာမငြိမ်ဖြစ်လာရပြီး ဟောကိန်းတစ်ခုရလာခဲ့တယ်။ ငါ့ဟောကိန်းက ပျက်စီးစေတဲ့နိမိတ်ကို သိရှိစေခဲ့တာ။ ချင်းမန့်ေတာင်နဲ့နီးတဲ့၊ အနောက်မြောက်ကိုညွှန်ပြနေတာ။
ယန်ချုံမင်: ရှန်းချင်းကျူက ချင်းမန့်တောင်နဲ့နီးတဲ့နေရာမှာနေတာမဟုတ်လား?
YOU ARE READING
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]
Horrorချန်းယု × လော့မင် စာအုပ်အဆက်