အပိုင်း(၁၁၁.၁):မိုးခေါင်နတ်ဆိုးနိုးထလာပြီ

1K 100 0
                                    

အပိုင်း(၁၁၁.၁):မိုးခေါင်နတ်ဆိုးနိုးထလာပြီ

ချန်းယုက ရစ်ခွေနေသောနဂါးအစီရင် ရေးဆွဲလို့ပြီးသွားတာနဲ့ အဖိုးရှန်းက ချက်ချင်းဆွဲယူကြည့်ရန် မစောင့်နိုင်လေတော့ဘူး။ မျက်မှောက်ခေတ်ရဲ့အစီရင်ဆရာတစ်ဦးအနေနဲ့၊ ဆရာရှန်းရဲ့ အစီရင်တွေပေါ်သုတေသနလုပ်တာမှာ အကျွမ်းကျင်ဆုံးပဲဖြစ်လေတယ်။ ဒါကြောင့်ပဲ၊ ရစ်ခွေနဂါးအစီရင်ရဲ့သိမ်မွေ့နက်နဲမှုကြောင့် သူ့မှာအံ့ဩသွားရလေတော့တယ်။

အစီရင်ကိုလေ့လာပြီးနောက်၊ လူတိုင်းက ချင်းမန့်တောင်ဆီ ချက်ချင်း‌‌သွားလိုက်ဖို့ဆုံးဖြတ်လိုက်ကြလေတယ်။ ရစ်ခွေနေသောနဂါးအစီရင်ကို အကြိုစမ်းသပ်ကြည့်ရန် အချိန်ယူရဦးမှာဖြစ်လေတယ်၊ ဒါပေမဲ့ မိုးခေါင်နတ်ဆိုးကတော့ အချိန်မရွေးနိုးလာနိုင်လေတယ်။ အချိန်က ဘယ်သူ့ကိုမှမစောင့်ပေးလေဘူး။ သူတို့တစ်မိနစ်လေးတောင်ကြန့်ကြာလို့မဖြစ်လေဘူး။

အရေးပါသူတွေအားလုံး ဗီလာရှေ့မှာစုစည်းလိုက်ကြပြီး ချင်းမန့်တောင်ကိုသွားဖို့ပြင်ဆင်နေကြလေတယ်။ ထိုအချိန်၌ လော့မင်ကလည်း အနောက်ခြံဝန်းမှထွက်လာပြီး သူ့ရှေ့မှာစုစည်းနေကြတဲ့ ရုပ်လွန်ပညာဆရာတွေကို ကြည့်လာလိုက်လေတယ်။ တစ်ချက်လှမ်းကြည့်ရုံဖြင့်၊ လူအုပ်ထဲက သေးသွယ်ပြီးချစ်စဖွယ်ကောင်းတဲ့ပုံရိပ်လေးကို လှမ်းမြင်လိုက်နိုင်လေတယ်။

ချန်းယုက သူမထံရောက်လာတဲ့အကြည့်ကိုခံစားမိလိုက်တော့၊ ခေါင်းလှည့်ကြည့်လာလိုက်ချိန် လော့မင်ကို မြင်လိုက်လေတယ်။ သူမမျက်နှာမှာ အပြုံးပန်းတစ်ပွင့် ချက်ချင်းဖြစ်ပေါ်လာလေတော့တယ်။ သူမက ခေါင်းလှည့်လာလိုက်ပြီး၊ အဖိုးဝူထံ တစ်ခုခုပြောလိုက်ပြီးနောက် လော့မင်ထံပြေးလာလိုက်လေတယ်။

“တတိယအစ်ကို၊ အစ်ကိုမြို့တော်ကို ပြန်တော့မှာလား?” ဆရာမော်က လော့မင်ဆီသွားပြီး မြို့တော်ကိုပြန်ဖို့ပြောခဲ့တယ်ဆိုတာကို ချန်းယုသိလေတယ်။

“အင်း၊” လော့မင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြောလာလေတယ်၊ “မိုးခေါင်နတ်ဆိုးကိုသွားချိပ်ပိတ်‌ေတာ့မလို့လား?”

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]Where stories live. Discover now