🌻အခန်း(၂၉)🌻

21.9K 646 43
                                    

'မမ...အခန်းရှင်းဖို့ ကူရဦးမလား...'

'ဟင့်အင်း..နေပါစေညီမလေး..မမ ကိုယ့်ဘာသာပဲလုပ်လိုက်မယ်...'

မီးမီးခမျာလည်း ဧည့်သည်တွေရောက်ကတည်းက သန့်ရှင်းရေးလုပ်ရ၊ အချက်အပြုတ်ကူရနှင့် မနားရရှာ။ နေက ခေါင်းခါငြင်း၍ အခန်းထဲက လိုက်ကာစတွေ အသစ်လဲဖို့ ဆွဲဖြုတ်သည်။ ပြတင်းပေါက်ဘက်ရောက်တော့ ဘာရယ်မဟုတ် မျက်လုံးက ကင်းအခန်းဆီသို့ဝေ့ကြည့်မိကာ ငိုချင်လာခဲ့ပြန်သည်။

မနေ့ညကလည်း တစ်ညလုံးငိုခဲ့ရပြီးပြီ။ ကင်းပြောသမျှ စကားတွေထဲမှာ 'သူငယ်ချင်းအဖြစ်က ရပ်စဲလိုက်'ဆိုသည့် စကားသည်သာ တစ်သက်လုံးမှာ အနာကျင်ရဆုံး။
သူမကိုယ်တိုင်ကလည်း ကင်းမကြိုက်သည့် စကားတွေကိုမှ ထပ်ခါထပ်ခါ ပြောထွက်ခဲ့မိသည်။
ခန်းဆီးစတွေ သိမ်းဆည်းပြီးနောက် နံရံကပ် မှန်ဗီရိုကြီးထဲမှ ပစ္စည်းတွေ ထုတ်ရှင်းရပြန်သည်။
ဗီရိုထဲမှာ တခြားပစ္စည်း များများစားစားမရှိဘဲ အရုပ်တွေ၊ဓာတ်ပုံအယ်လ်ဘမ်တွေပဲ အပြည့်ဖြစ်၏။

ဓာတ်ပုံရိုက်ဝါသနာပါသော သူမက စမတ်ဖုန်းတွေ မပေါ်သေးခင် အချိန်ကတည်းက ဒစ်ဂျစ်တယ်ကင်မရာတစ်လုံးတော့ အမြဲဆောင်တတ်ခဲ့သည်။ ရောက်လေရာအရပ်မှာ အမှတ်တရဓာတ်ပုံရိုက်၍ အယ်လ်ဘမ်နှင့်သိမ်းဆည်းတတ်သည့်အကျင့်လည်း ရှိပြန်သည်။
သူမ၏ငယ်ဘဝတစ်လျှောက်လုံး ကင်းနှင့်အတူ ဖြတ်သန်းကုန်ဆုံးခဲ့ရသည်သာဖြစ်လျက် ဓာတ်ပုံတိုင်းမှာ ကင်းပါသည်။ သူ မပါသည့်ပုံတွေတိုင်းမှာ ကင်မရာမန်းက သူဖြစ်နေတတ်ပြန်သည်။

ကင်းနှင့်စကားများရန်ဖြစ်ထား၍လားမသိ ၊ ဓာတ်ပုံတွေက အတိတ်ကအရိပ်တွေ ထင်ဟပ်လျက် လွမ်းဆွေးဖွယ်ကောင်းနေသည်။
အရုပ်တွေ စီပြန်တော့လည်း ကင်းနှင့်သက်ဆိုင်နေသည်မို့ ကင်း၏အငွေ့အသက်တွေ အရုပ်တိုင်းမှာ စွန်းထင်းနေ၏။

မွေးနေ့မွေးချိန်တူသည့်နှစ်ယောက်အတွက် မွေးနေ့ကိတ်ကို တစ်ခုတည်းပေါင်း၍လုပ်သည်။ လက်ဆောင်ပေးဖြစ်လျှင် နှစ်စဥ်နှစ်တိုင်း စုံကိန်းဖြစ်သည့် ပစ္စည်းတစ်မျိုးမျိုးကို တစ်ယောက်တစ်လှည့်စီ ပေးနေကျ။ မနှစ်က သူမ ကင်းအတွက် သူမနှင့်ဆင်တူနာရီတစ်လုံးဝယ်ပေးခဲ့ပြီးပြီမို့ ဒီနှစ်တော့ သူ့အလှည့်ဖြစ်သည်။ အခု january လထဲ ကူးနေပြီမို့ မွေးနေ့ရောက်ဖို့လည်း သိပ်မလိုတော့ပါ။

☀️The Will Of The Heart🌻Où les histoires vivent. Découvrez maintenant