Emojiကို ဘယ်သူတီထွင်ခဲ့တာလဲ

12 0 0
                                    

Shigetaka Kurita
Emoji ကိုတီထွင်ခဲ့တဲ့သူ။

၁၉၉၉ ခုနှစ်မှာ Shigetaka Kuritaက
ပထမဆုံး emojiကို စတင်ပြီးတီထွင်ခဲ့တယ်။ သူက emojiကို 12x12 pixelsအတွင်းမှာ ဝင်ဆန့်အောင်လို့ ပြုလုပ်ခဲ့တာဖြစ်တယ်။ စုစုပေါင်း အစက် ၁၄၄ စက်ပဲပါပြီး dataပမာဏအားဖြင့်တော့
18 bytesသာရှိပါတယ်။ အချက်အလက်က
မပြောပလောက်ပေမယ့် အဓိပ္ပါယ်ကတော့
သိပ်ကိုကြီးမားပါတယ်။

"ဒီဇိုင်းပိုင်းအရကြည့်မယ်ဆိုရင် ကျွန်တော် မယုံနိုင်လောက်အောင်ပဲ။" Standards Manualရဲ့တွဲဖက်တည်ထောင်သူလည်းဖြစ်
a forthcoming book ရဲ့နောက်ကွယ်က ထုတ်ဝေသူလည်းဖြစ်တဲ့ Jesse Reedက
Email Interviewတစ်ခုမှာ အဲဒီလိုပြောခဲ့ဖူးပါတယ်။

"လူတွေ၊နေရာတွေ၊စိတ်ခံစားချက်တွေ၊ရာသီဥတုတွေ အပါအဝင် အိုင်ဒီယာပေါင်း ၁၇၆ခုလောက်ကို 12bit ပဲရှိတဲ့ သင်္ကေတတွေအဖြစ် ၅ပတ်အတွင်းမှာ ဘာသာပြန် ပေးဖို့ စိန်ခေါ်လိုက်မယ်ဆိုရင် ဒီဇိုင်နာအများစုက သတိလစ်သွားကြပါလိမ့်မယ်။"

Emojiဆိုတဲ့ စကားလုံးက ဂျပန်လို
絵 (e၊ ရုပ်ပုံ။) ၊ 文 (mo ၊ ရေးသားခြင်း)
字 (ji၊ စာ)လို့ အဓိပ္ပါယ်ရပါတယ်။ တစ်နည်းအားဖြင့် အရုပ်စာပါ။ ဂျပန်စာအရေးအသား Kanjiဟာ တရုတ်အရုပ်စာအပေါ်မှာ အများကြီးအ​ခြေခံထားတာပါ။ ဒါကြောင့်
ရေးသားနည်းစနစ်က ပုံသဘောသက်ရောက်မှုများပါတယ်။

"emojiနဲ့Kanji နှစ်မျိုးလုံးက အရုပ်စာတွေပါပဲ။ ဒါပေမယ့် Kanjiထဲမှာ emojiကို ဒီဇိုင်းဆွဲဖို့အတွက် စိတ်ကူးစိတ်သန်းကို ကျွန်တော်ရှာလို့မတွေ့ခဲ့ဘူး။ ကျွန်တော်က ဒီအကြံကို
ရုပ်ပြတွေ၊Mangaတွေနဲ့ အလားတူ အရင်းအမြစ်တွေကနေတစ်ဆင့် အကြံရခဲ့တာ။" လို့ သူက Email Interviewတစ်ခုမှာ
ဖြေကြားခဲ့ပါတယ်။

သူ emojiကို တီထွင်ခဲ့ရတဲ့ အကြောင်းကတော့ သိပ်ကိုရိုးရှင်းပါတယ်။ ဂျပန်
ဆက်သွယ်ရေးကုမ္မဏီကြီးတစ်ခုဖြစ်တဲ့
NTT DoCoMoကနေ အခြေတည်ပြုလုပ်ပေးခဲ့တဲ့ မိုဘိုင်းအင်တာနက်စနစ်တစ်ခုမှာ
ဆက်သွယ်ပြောဆိုနိုင်ဖို့အတွက်ပါ။ ဒီစနစ်က emailsတွေကို ပေးပို့နိုင်ပေမယ့် စာလုံးရေ ၂၅၀ အထိသာ ကန့်သတ်ပေးထားပါတယ်။ ဒါကြောင့် emojiတွေက စာလုံးရေကို လျော့ချပေးနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်လာခဲ့တာပါ။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Nơi câu chuyện tồn tại. Hãy khám phá bây giờ