၁၃.၄

19 1 0
                                    

ဝတ္ထုရေးသားခြင်းအနုပညာ
Chapter 13.4 - Genreများနှင့် Subgenre များ ဇာတ်သိမ်းခန်း

နောက်ဆုံးတော့ အားလုံးမျှော်နေကြတဲ့အခန်းလာပါပြီ။ နောက်ဆုံးကျန်ရှိတဲ့ Genre နှစ်ခုကို ရှင်းပြပေးပါ့မယ်။ ဒါ့အပြင် ယနေ့ခေတ်စားလာနေတဲ့ အွန်လိုင်းဝတ္ထုအမျိုးအစားတချို့ကိုပါ အကျဥ်းဖော်ပြပေးသွားမှာပါ။ ရင်ထိတ်သည်းဖို (Thirller) နဲ့ (Wild West)ပါ။ ဒါတွေပြီးရင်တော့ ဝတ္ထုရေးရာမှာ မျိုးရင်းကြီးနဲ့မျိုးရင်းငယ်တွေ ဘယ်လိုရွေးချယ်ရမလဲ လေ့လာကြပါမယ်။

ရင်ထိတ်သည်းဖို

ကြိုးတန်း​ပေါ်ကနေ ပြုတ်ကျတော့မလို အသည်းတအေးအေးရသမျိုးပေးတဲ့ ဇာတ်ကွက်ဇာတ်လမ်းမျိုးကို ရင်ထိတ်သည်းဖိုလို့ခေါ်ရမှာပါ။ တစ်ခါတရံမှာတော့ လျှို့ဝှက်ဆန်းကြယ်နဲ့တွဲစပ်လေ့ရှိတဲ့အတွက် လျှို့ဝှက်ဆန်းကြယ်မှာရှိတဲ့ တူညီတဲ့မျိုးငယ်လေးတွေကို ရင်ထိတ်သည်းဖိုမှာလည်းတွေ့ရပါလိမ့်မယ်။

အက်ရှင် (Action) - ဇာတ်လိုက်က ရဲတပ်ဖွဲ့ ဒါမှမဟုတ် ရာဇဝတ်ဂိုဏ်းတစ်ခုမှာပါဝင်နေပြီး တိုက်ရခိုက်ရတာမျိုးပေါ့။

လျှို့ဝှက်အဖွဲ့အစည်းများ (Conspiracy) - ဇာတ်လိုက်က မြေအောက်ကမ္ဘာကနေ လူ့လောကကြီးကို ကြိုးကိုင်နေတဲ့ အဖွဲ့အစည်းကြီးတွေနဲ့ ရင်ဆိုင်မိပြီး အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရပုံမျိုးပါ။

မှုခင်း - ဇာတ်လိုက်က ရာဇဝတ်မှုတစ်ခုခုနဲ့ ရင်ဆိုင်ဖြေရှင်းရတာမျိုးပါ။ ဥပမာအနေနဲ့ ပြန်ပေးဆွဲခံလိုက်ရတာလိုမျိုးပေါ့။ တစ်ခါတရံမှာတော့ ကိုယ်တိုင်က နစ်နာသူမဟုတ်ဘဲ နစ်နာသူတစ်ယောက်ကို ကူညီပေးရတာမျိုးလည်းရှိပါတယ်။ ရင်ထိတ်သည်းဖိုမှုခင်းဝတ္ထုတွေရဲ့ထူးခြားတဲ့အချက်က 1st person Viewpointကနေ တင်ဆက်တတ်တာပါ။ ဥပမာအနေနဲ့ စာဖတ်သူက ကိုယ်တိုင်ကြုံတွေ့ရသူနဲ့ ဒိုင်ယာရီမှတ်တမ်းကို ယူဖတ်နေရသလို ရေးထားတာမျိုးပေါ့။

သဘာဝဘေးအန္တရာယ် - ဇာတ်လိုက်က သဘာဝဘေးအန္တရာယ်တစ်ခုနဲ့ကြုံရပြီး အသက်ရှင်အောင် ကြိုးပမ်းရတာမျိုးပါ။ ဆူနာမီ၊ ဆိုင်ကလုန်း၊ မြေငလျှင်လိုမျိုး သဘာဝဘေးအန္တရာယ်တွေကြုံရတာမျိုးရေးသားတတ်သလို ဆိုက်ဘာတိုက်ခိုက်မှု၊ ဇီဝလက်နက်နဲ့တိုက်ခိုက်ခံရတာလိုမျိုး လူလုပ်အန္တရာယ်တွေကနေလည်း ရှောင်ရှားရတာမျိုး ရေးတတ်ပါတယ်။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Where stories live. Discover now