ဝတ္ထုရေးသားခြင်း (၄)

42 4 0
                                    

ဝတ္ထုရေးသားခြင်းအနုပညာ
အခန်း (၄) တိုက်ခိုက်ခန်းများ ရေးသားခြင်း

တိုက်ခန်းခိုက်ခန်းတွေ ရေးသားခြင်းက Fantasy စာပေအမျိုးအစားအပါအဝင် ဘယ်စာပေအမျိုးအစားအတွက်မဆို အရေးကြီးပါတယ်။ ဒါကြောင့် ဝတ္ထုကောင်းကောင်းရေးချင်ရင် တိုက်ခန်းခိုက်ခန်း ကောင်းကောင်းရေးတတ်ဖို့လည်း လိုတာပေါ့။ ဒီမှာတော့ နာမည်ကြီးစာရေးဆရာကြီးတွေရဲ့နည်းလမ်းတွေအကြံပေးချက်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

(၁) ဘာအတွက်တိုက်ခိုက်ကြမှာလဲ

ဒီအတိုင်းတွေ့တာနဲ့ တန်းချတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ ဘာကြောင့် ဒီတိုက်ပွဲဖြစ်လာရတာလဲဆိုပြီးဖော်ပြဖို့ လိုအပ်ပါတယ်။ ဒီတိုက်ပွဲမှာ ဘယ်သူတွေပါဝင်ကြမယ်၊ ဒီတိုက်ပွဲရဲ့အဖြေက သူတို့ဘဝတွေအပေါ် ဘယ်လိုပြောင်းလဲသွားစေမယ်။ စသည်ဖြင့် ဖော်ပြပေးဖို့ လိုအပ်ပါတယ်။

ဒီမှာသတိထားသင့်တာက ဖော်ပြချက်တိုင်းဟာ ရုပ်ပိုင်းဆိုင်ရာအချက်အလက်တွေ ဖြစ်နေဖို့မလိုပါဘူး။ ဇာတ်ကောင်တွေစိတ်ထဲက အတွေးတွေကိုလည်း ဖော်ပြပေးဖို့လိုပါတယ်။ သူတို့ဘာကြောင့် ဒီတိုက်ပွဲ နိုင်မှဖြစ်မှာလဲ။တိုက်ပွဲအဖြေကြောင့် ထိခိုက်သွားနိုင်တဲ့ သူတို့ဘဝတွေ သူတို့ချစ်တဲ့သူတွေ စသည်ဖြင့်ပေါ့။

၂။ တိုက်ပွဲတိုင်းက ဝတ္ထုအသေးစားလေးတွေ

တိုက်ခိုက်ခန်းတွေကို ဇာတ်လမ်းအသေးစားလေးတွေအဖြစ် ရှုမြင်ပြီး ရေးတတ်ဖို့လိုအပ်ပါတယ်။ တိုက်ခိုက်ခန်းအတွက် Story Structure တစ်ခု၊ Mind Mapတစ်ခု ဆွဲကြည့်လို့ရပါတယ်။

ဒီမှာတော့ တရုတ်တွေရဲ့ရိုးရာစာရေးနည်းဖြစ်တဲ့ လေးပိုင်းစာရေးနည်းနဲ့ဥပမာပြသွားပါမယ်။

စ - သူတို့တိုက်ခိုက်ကြမယ့်နေရာ၊ တိုက်ခိုက်ရာမှာ ပါဝင်မည့်သူတွေ။ အားနည်းချက်တွေ၊ အားသာချက်တွေ။

ချီ - စတိုက်ကြပြီ၊ အကွက်တွေထုတ်ကြပြီ။

လှည့် - ဘယ်သူနိုင်မလဲ၊ ဘယ်သူရှုံးမလဲမသိနိုင်လောက်အောင် သူမသာကိုယ်မသာအခြေအနေမျိုး ဖန်တီးယူရမယ်။ ဟိုလူသာသွားလိုက် ဒီလူသာသွားလိုက်နဲ့ပေါ့။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Donde viven las historias. Descúbrelo ahora