တရုတ်​ဓားများ

12 1 0
                                    

တရုတ်တို့၏ဓားများ

သမိုင်းကြောင်းအရ တရုတ်ရိုးရာဓားများကို
Jian(ကျန်း)နှင့် Dao(သောင်း) ဟူ၍နှစ်မျိုးနှစ်စားခွဲခြားထားသည်။ Jianဓားများသည်
ဓားသွားနှစ်ဖက်ပါရှိသောဓားမြောင့်များဖြစ်ပြီး Daoဓားများသည် အသွားတစ်ဖက်သာပါပြီးမျဉ်းခုံးပုံသဏ္ဍာန်ရှိကာ စွန်းမင်းဆက်
(960-1279)ခေတ်ဦးပိုင်းတွင်အသုံးပြုခဲ့သည်။

Jianဓားများကို ဓားရှည်ဟုဘာသာပြန်ဆိုပြီး Daoဓားများကိုမူဆေဘာသို့မဟုတ်ဓားမော့ဟု ဘာသာပြန်ဆိုလေ့ရှိသည်။ ကြေးJianဓားများကို BC သုံးရာစုလယ်ခန့်တွင်တွေ့ရပြီး စစ်ပွဲများခေတ်(260BCE) တွင်သံနှင့်သံမဏိများဖြင့်အစားထိုးသွန်းလုပ်ခဲ့သည်။ Daoတစ်ပိုင်းဓားများကဲ့သို့အထူးလက်နက်များလဲရှိပြီး တရုတ်ဓားများမှာအများအားဖြင့် ၇၀မှ ၁၀၀စင်တီမီတာ(၂၈မှ၄၃လက်မ)အထိရှိတတ်ကြပြီး
ထိုကာလအတွင်းမှာပင်ဓားရှည်များကိုလည်းတွေ့ရသည်။

ဂျပန်တွင် AD သုံးရာစုမှ ခြောက်ရာစုခန့်အထိတရုတ်ဓားများကိုအသုံးပြုခဲ့သည်။
သို့သော် Heian ခေတ်(794-1185AD)
တွင်ကိုရီးယားဓားနှင့် ဂျပန်ရိုးရာဓားများကို
အစားထိုးအသုံးပြုခဲ့ပါသည်။

ကြေးခေတ်:ဆောင်မင်းဆက်လက်ထက်(BC
1600 မှ BC 1046)

ဘုရင် ဝုဒင်၏မိဖုရားများစွာထဲမှ စစ်ဗိုလ်ချုပ်လဲ ဖြစ် မြင့်မြတ်သော  သာသနာခေါင်းဆောင်လဲ ဖြစ်သည့် ဖုဟောင်(BC 1200တွင်ကွယ်လွန်) ၏ဂူသချိုင်းမှ ဓားများကိုရှာဖွေတွေ့ရှိခဲ့သည်။ ထိုဓားများမှာ
၂၈မှ ၄၆စင်တီမီတာခန့်သာရှည်ပြီး ကာကွယ်ခုခံရန် ထိုးသွင်းလက်နက်အဖြစ်အသုံးပြုခဲ့သည်။

နွေးဦးနှင့်ဆောင်းဦးခေတ်(771-476BC)
တွင် ၅၆စင်တီမီတာအရှည်ရှိ Jianအမျိုးအစားဓားများကိုတွေ့ရှိခဲ့ရသည်။ ထိုခေတ်တွင်စစ်သားအချို့မှာ Jianဓားများအစား
သယ်ယူကိုင်ဆောင်ရလွယ်သောGeခေါ် ဓားမြောင်နှင့်ပုဆိန်စပ်ထားသောလက်နက်များကိုအသုံးပြုနေကြသေးသည်။ BC ၆ရာစုခန့်တွင် တရုတ်ပြည်၌သံမဏိကိုထုတ်လုပ်နေပြီဖြစ်သော်လည်း သံနှင့်သံမဏိများကို
လုံလောက်အောင်မထုတ်လုပ်နိုင်သေးပေ။
500 BC ပတ်ဝန်းကျင်ခန့်တွင်မူ
ဓားနှင့်ဒိုင်းတို့ကိုတွဲစပ်၍အသုံးခြင်းသည်
လှံနဲ့Geကိုတွဲစပ်အသုံးပြုခြင်းထက်ပို၍သာသည်ဟုယူဆလာကြပြီဖြစ်သည်။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Where stories live. Discover now