ရှန်းရှ ၂

17 2 0
                                    

ရှန်းရှဝတ္ထုဆိုင်ရာဆောင်းပါးများ(၂)

Immortal Mountainမှ ဆောင်းပါးကို
တစ်စိတ်တစ်ပိုင်းဘာသာပြန်ထားခြင်း
ဖြစ်ပါသည်။

သော်လွင်ကိုကို

အခန်း (၂) ဝတ္ထုထဲက အမြုတေများ

တရုတ်ကျင့်ကြံခြင်း ဝတ္ထုတွေထဲမှာ
အမြုတေဆိုတာ မကြာခဏပါလေ့ရှိပါတယ်။ ဒါပေမဲ့ ဘာများပါလိမ့်။

ယေဘုယျအားဖြင့်တော့ အမြုတေနှစ်မျိုးရှိပါတယ်။

မွန်းစတား၊သားရဲတွေရဲ့ အမြုတေနဲ့
ကျင့်ကြံသူတွေရဲ့အမြုတေပါ။ တချို့
အပေါ်ယံအချက်အလက်တချို့ တူညီကြပေမဲ့ တကယ်တမ်းမှာတော့ လုံးဝ​​ကို
ကွဲပြားပါတယ်။

သားရဲအမြုတေ

ဝတ္တုတွေထဲမှာ မှော်သားရဲဆိုတာက
ကျင့်ကြံနိုင်စွမ်းရှိတဲ့ တိရစ္ဆာန်တွေပါ။
တချို့ကတော့ မွေးရာပါစွမ်းအားရှိပြီး
တဖြည်းဖြည်း ကြီးထွားဖွံဖြိုးလာပါတယ်။ တချို့ကတော့ ကျင့်ကြုံခြင်းနည်းစနစ်တွေကို အသုံးပြုရပါတယ်။
သာမန်တိရစ္ဆာန်တွေထက် ပိုဉာဏ်ကောင်းပြီး တချို့သားရဲတွေဆိုလူသားဘာသာစကားတောင် ပြောတတ်ကြပါတယ်။ ကျင့်ကြံခြင်းအဆင့်မြင့်လာရင် သားရဲတွေက လူယောင်ဖန်ဆင်းနိုင်ပါတယ်။

သားရဲတွေကိုခေါ်ဝေါ်တဲ့ အခေါ်အဝေါ်က
ဝတ္တုတစ်ခုနဲ့တစ်ခု မတူပါဘူး။ သားရိုင်း၊ဆန်းကြယ်သားရဲ၊ဝိညာဥ်သားရဲ၊နတ်သားရဲ စသည်ဖြင့် သုံးနှုန်းတတ်ကြပါတယ်။
ဒါပေမဲ့ အတွေ့ရအများဆုံး အမျိုးအစားနှစ်ခုကတော့ မှော်သားရဲနဲ့မိစ္ဆာသားရဲပါ။

ဒီသားရဲတွေရဲ့ခန္ဓာကိုယ်ထဲမှာ သူတို့ရဲ့
မှော်စွမ်းအားနဲ့သက်စောင့်အားကို သိုလှောင်ထားတဲ့ အမြုတေရှိပါတယ်။
ကျင့်ကြံသူတွေအတွက် ဒီအမြုတေတွေက တန်ဖိုးရှိပြီးတော့ အမဲလိုက်ပြီး
ရယူတတ်ကြပါတယ်။ ငွေရဖို့အတွက်ရောင်းတာပဲဖြစ်ဖြစ်၊ မှော်ရတနာဖန်တီးဖို့ပဲဖြစ်ဖြစ်၊ ကျင့်ကြံခြင်းကိုလျင်မြန်လာဖို့ပဲဖြစ်ဖြစ် သုံးတတ်ကြပါတယ်။

အမြုတေတွေရဲ့နာမည်ကို
သားရဲတွေရဲ့နာမည်နဲ့ ခပ်ဆင်ဆင်ပေးတတ်ပါတယ်။ မှော်သားရဲရဲ့အမြုတေကို မှော်အမြုတေ၊ မိစ္ဆာသားရဲရဲ့အမြုတေကို မိစ္ဆာအမြုတေ စသည်ဖြင့်ပေါ့။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Where stories live. Discover now