ဝတ္ထုရေးသားခြင်း ၆

41 2 0
                                    

ဝတ္ထုရေးသားခြင်းအနုပညာ
အခန်း ၆ - Filler up ရေးတာကောင်းလား ဒါမှမဟုတ် Subplot ရေးရမလား

ပထမဆုံးအနေနဲ့ Filler up ဆိုတာ ဘာလည်းဆိုတာနဲ့ စရအောင်။ ဇာတ်လမ်းရဲ့အဓိက ဇာတ်ကွက်နဲ့မသက်ဆိုင်၊ ဇာတ်လမ်းကိုလည်း အထောက်အပံမပေးဘဲ အခန်းပြည့်စေဖို့ ဒါမှမဟုတ် ဇာတ်ကွက်တစ်ခုနဲ့တစ်ခုကြား အနားပေးဖို့သက်သက်နဲ့ ရေးသားတဲ့အခန်းမျိုးဖြစ်ပါတယ်။

ဇာတ်လမ်းဇာတ်ကွက် ချပြတိုးတက်ခြင်းမရှိဘဲ ထည့်သွင်းထားတဲ့ အခန်းမှန်သမျှကို Filler up လို့သတ်မှတ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် အဖြစ်အပျက်တစ်ခုနဲ့တစ်ခုကို ချက်ချင်းကူးပြီး မဖော်ပြချင်တဲ့အခါ စာဖတ်သူကို ခဏအနားပေးဖို့အတွက် အသုံးပြုတတ်ပါတယ်။

လက်ရှိအင်တာနက်ခေတ်မှာ လူတိုင်းလိုလိုက Web novelတွေကို ရေးသားလာကြပြီဖြစ်တဲ့အတွက် အရင်ခေတ်စာရေးသူတွေနဲ့မတူဘဲ နေ့တိုင်းလိုလိုအပိုင်းသစ်တင်ကြရပါတယ်။ ဒါကြောင့် အကြံဉာဏ်ကောင်းမရှိတဲ့နေ့မျိုးတွေမှာ ဒီလိုအခန်းမျိုးတင်ပြီး ဖြေရှင်းတဲ့နည်းက ပြောမပြနိုင်လောက်အောင် အသုံးများလာနေပါတယ်။

ဒါပေမဲ့ ဒီနည်းလမ်းက ကောင်းရောကောင်းရဲ့လား။

သေချာပေါက် ကောင်းတဲ့နည်းလမ်းအလေ့အထတော့ မဟုတ်ပါဘူး။ မူရင်းဇာတ်ကြောင်းနဲ့ မဆိုင်တဲ့အခန်းတွေ များနေတဲ့အခါမှာ ဇာတ်လမ်းက ပေါ့သွားတတ်ပါတယ်။ အဖြစ်အပျက်ကြီးတစ်ခုနဲ့တစ်ခုအကြား Filler up သုံးတာဟာ ကိုယ့်ရဲ့ဇာတ်လမ်းကြောရိုးဟာ ထင်သလောက် ခိုင်မာမှုမရှိဘူးဆိုတဲ့သဘောကို ဆောင်ပါတယ်။

စံပြစာရေးဆရာကြီးတွေမှန်သမျှ ဒီလိုအခန်းမျိုးတွေကို မရေးသားခဲ့ကြပါဘူး။ ဝါရင့်စာရေးသူအများစုက Filler ကိုမထည့်ဘဲ ထည့်မိထားရင် ဖြတ်ထုတ်ပစ်ဖို့ အကြံပေးကြပါတယ်။ အဲဒီအစား အချိန်တစ်ခုကုန်ဆုံးသွားစေခြင်းနဲ့ နောက်အဖြစ်အပျက်တစ်ခုဆီ ကူးစေဖို့ အကြံပေးတတ်ပါတယ်။ (ဥပမာ - သုံးလခန့် ကြာသောအခါ။)

  Subplot လို့ခေါ်တဲ့ ဇာတ်ကောင်တွေကို side quest အသေးစားလေးတွေပေးတဲ့ နည်းလမ်းကိုလည်း အစားသုံးကြပါတယ်။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Where stories live. Discover now