ဝတ္ထုရေးသားခြင်း (၁)

163 11 0
                                    

ဝတ္ထုအခန်းတွေကို ဘယ်လိုခေါင်းစဥ်တပ်ကြမလဲ

ဒီတစ်ခါတော့ ဝတ္ထုရေးဖော်ရေးဖက် ဂေါင်ကြီးတို့အတွက် ရေးပေးတာပေါ့။ ကျွန်တော်တို့တွေ အခန်းနံပါတ်တပ်ရတဲ့ အကြောင်းအရင်းက လေးခုရှိပါတယ်ဗျ။

၁။ စာဖတ်သူတွေ စာဖတ်ခဏနားပြီး ရေးထားတဲ့အကြောင်းအရာတွေကို ကျေညက်အောင် အစာခြေတွေးတောနိုင်ဖို့။

၂။ ဇာတ်လမ်းရဲ့အကူးအပြောင်းကာလတွေကို ခွဲခြားသိရှိနိုင်ဖို့။

၃။ ဝတ္ထုတစ်ခန်းအတွင်း ဘာတွေဖြစ်ခဲ့သလဲဆိုတာကို အကျဥ်းချုံးသိရှိနိုင်ဖို့။

၄။ စာဖတ်သူတွေရဲ့စိတ်ကူးထဲ 'နောက်ဘာဆက်ဖြစ်မလဲ' ဆိုတာမျိုးပေါ်လာအောင် ဆွဲဆောင်နိုင်ဖို့ရယ်လို့ အကြမ်းဖျင်းယူဆနိုင်ပါတယ်။

ဒါပေမဲ့ အခန်းတွေများလွန်းတော့ အကြံကုန်တာမျိုးလည်း မကြာခဏဖြစ်တတ်တာပေါ့။ အထူးသဖြင့် ကျွန်တော့်လို Ficတစ်ခုကို အပိုင်းရှစ်ဆယ်ကျော် တစ်ရာနီးပါးရေးနေတဲ့ ကိုလေရှည်တွေအတွက်ပေါ့။

ဒီတော့ အခန်းခေါင်းစဥ်တွေကို နာမည်ကြီးစာရေးဆရာတွေ ဘယ်လိုစဥ်းစားသလဲဆိုတာကို လေ့လာကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့ပြောတဲ့ နည်းလမ်းတွေထဲက သင့်တော်တဲ့ နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နာမည်မပေးဘဲ နံပါတ်သာ တပ်ထားလိုက်ပါ။

ပြောစရာတော့မလိုပေမဲ့ တကယ်တော့ ခေါင်းစဥ်တွေဆိုတာက မဖြစ်မနေလိုအပ်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီတော့ နံပါတ်ကလေးပဲ တပ်ပေးလိုက်တာလည်း အဆင်ပြေပါတယ်။

ဘယ်လိုရည်ရွယ်ချက်မျိုးတွေနဲ့ နံပါတ်တပ်တာဖြစ်ပါစေ၊ နောက်ဆုံးမှာတော့ စာရေးသူတွေရဲ့စိတ်ထဲမှာ "အခန်းသစ်တင်တယ်၊ အခန်းမတူဘူး။" ဆိုတဲ့အသိ ဝင်သွားရင်ပဲ လုံလောက်ပါတယ်။ တစ်ခါတလေမှာ အရိုးရှင်းဆုံးက အကောင်းဆုံးပါ။

ဥပမာ - (1.2.3) (၁၊၂၊၃) (I,II,III) ကြိုက်ရာတပ်ကြပေါ့။

၂။ ဒိုင်ယာလော့တွေကို ပြန်အကျဥ်းချုံးပြီးထည့်တာ။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Donde viven las historias. Descúbrelo ahora