V9 Chapter 19

14 0 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V9 Chapter 19 - ငြိမ်းချမ်းရေးပျက်ပြားစေသူ ရှာဖွေတွေ့ရှိ၊ ချေမှုန်း


 ဟယ်ရီက တဖြည်းဖြည်းနီးကပ်လာတဲ့ ကောင်းဘွိုင်ကို ကြည့်လိုက်တယ်။ နဂိုကတည်းက သူ့စွမ်းအားက S rank ထိပ်သီးတစ်ယောက်ကို အနိုင်ယူနိုင်တဲ့ ကောင်းဘွိုင်နဲ့ယှဥ်ရင် ဘာမှမဟုတ်ပါဘူး။ ခုထိ သူအသက်ရှင်နေသေးတာ ကောင်းဘွိုင်က သူ့ကိုမသတ်ချင်သေးလို့ပါ။

 "မင်းကိုအနိုင်ယူဖို့ သေနတ်တွေတောင် သုံးစရာမလိုဘူး။" ကောင်းဘွိုင်က ဟယ်ရီရှေ့ကိုရောက်လာပြီ။ ဟယ်ရီရဲ့အက်တမ်မှုန်တွေက ကောင်းဘွိုင်ရဲ့ဝတ်စုံမှာ ခြစ်ရာတချို့ထင်ကျန်စေရုံကလွဲလို့ တခြားဘာမှ မစွမ်းဆောင်နိုင်ဘူး။

 "သေလိုက်တော့..." ကောင်းဘွိုင်က လက်သီးကိုဆုပ်ပြီး ဟယ်ရီရဲ့မျက်နှာကို ထိုးချဖို့ပြင်တယ်။ ဟယ်ရီကလည်း သူ့အဖွဲ့သားတွေ ပိုးကောင်ရန်ကနေကင်းစေဖို့ အက်တမ်မုန်တိုင်းကို ထုတ်ဖော်ထားတဲ့အတွက် နေရာကနေ ရွှေ့လို့မရဘူး။ သူမျက်လုံးကို မှိတ်ထားလိုက်တယ်။

ဘုန်း... ဘုန်း... ဘုန်း...

 ကျောပေါ်ကို ရုတ်တရက်ကျဆင်းလာတဲ့ ဖျက်အားပြင်းဒုံးကျည်တွေကြောင့် ကောင်းဘွိုင်ရဲ့ခန္ဓာကိုယ် ယိုင်သွားပြီး ဒူးထောက်ကျသွားတယ်။

 "ဘယ်ကောင်ချောင်းပစ်တာလဲကွ။" ဒုံးကျည်တွေလာရာကို ကြည့်လိုက်တော့ ပျံသန်းနေတဲ့ဆိုင်ကယ်တစ်စင်းပေါ်က လူနှစ်ယောက်ကို သူမြင်လိုက်ရတယ်။

 "နောက်ထပ် ဟီးရိုးတွေရှိနေသေးတာလား။" သူမျက်မှောင််ကြုတ်လိုက်တယ်။

 "ဌာနမှူးဟယ်ရီ၊ ရှင့်လူတွေကို ကယ်ထုတ်တော့။ ကျွန်မတို့ဆက်ကိုင်တွယ်လိုက်မယ်။ ဆိုင်းရပ်၊ ရှင်ဆင်းပြီးတိုက်တော့။"

 နျူရေက ပြောလိုက်တော့ ဟယ်ရီလည်းအက်တမ်မုန်တိုင်းကို ရုပ်သိမ်းလိုက်ပြီး ဖားလေးနဲ့ဓားနတ်ဆိုးကို ဆွဲထုတ်ဖို့ကြိုးစားတယ်။ ပိုးကောင်တွေက သူတို့ကိုတိုက်ခိုက်ဖို့လုပ်ပေမဲ့ နျူရေက ဆိုင်ကယ်မှာပါတဲ့စက်သေနတ်နဲ့ သူတို့ကိုပစ်ခတ်တားဆီးလိုက်တယ်။

You've reached the end of published parts.

⏰ Last updated: Apr 05 ⏰

Add this story to your Library to get notified about new parts!

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Where stories live. Discover now