Nokia ဘာကြောင့်ကျရှုံးတာလဲ

20 0 0
                                    

Nokia ဘာကြောင့်ကျဆုံးခဲ့တာလဲ

"ကျွန်တော်တို့ ဘာမှအမှားမလုပ်ခဲ့ဘူး၊ ဒါပေမဲ့ နောက်ဆုံးတော့ ရှုံးနိမ့်ခဲ့ရတယ်။" Nokiaကို Microsoft လက်ထဲမအပ်ခင် Nokiaရဲ့CEOဟာ ဒီစကားနဲ့အတူ သူ့မိန့်ခွန်းကို အဆုံးသတ်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက်တော့ ရိုမန်အင်ပါယာကြီးပြိုကွဲသွားတာ ကြည့်နေရသလိုပါပဲ။

ဒါပေမဲ့ ဘာကြောင့်များ တစ်ချိန်ကအင်အားအကြီးဆုံးဖြစ်ခဲ့တဲ့ လူသုံးကုန်နည်းပညာကုမ္ပဏီတစ်ခုက နောက်ကောက်ကျချန်နေခဲ့ပြီး အခုလိုမျိုးအဆုံးသတ်ခဲ့ရတာပါလဲ။

ဒီအဖြေကိုသိဖို့အတွက် ကျွန်တော်တို့တွေ
Nokiaရဲ့စဦးသမိုင်းနဲ့ရွှေခေတ်အပါအဝင် ကျဆုံးစပြုလာတဲ့ ခေတ်တွေအကြောင်းကို ပြန်လှန်ကြည့်ကြရပါမယ်။

Nokiaဟာ ဖင်လန်နိုင်ငံသားပိုင် လူသုံးကုန်အီလက်ထောနစ်နဲ့ သတင်းအချက်အလက်နည်းပ​ညာကုမ္ပဏီတစ်ခုဖြစ်ပြီး ၁၈၆၅ ခုနစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်လို့ နှစ်ပေါင်းတစ်ရာ့ငါးဆယ်နီးပါး သက်တမ်းရှိနေပါပြီ။ မူလကတော့ မီးသီးတွေ ဝါယာကြိုးတွေထုတ်တဲ့ စက်ရုံတစ်ရုံပါ။ ၁၉၆၇မှာ Nokia Cooperation အဖြစ်အသွင်ပြောင်းခဲ့ပြီး ၁၉၉၀ ခုနစ်တွေရဲ့နည်းပညာအရွေ့တွေကြားမှာ နည်းပညာသစ်တွေဘက်ကို အာရုံပြောင်းလာပါတယ်။

GSMစနစ်၊ 3Gနဲ့ LTE စနစ်တွေကို တိုးတက်အောင်ပြုလုပ်ပေးခဲ့သူဖြစ်ပြီး လူအများကို mobile phone တွေနဲ့ရင်းနှီးအောင်ပါ ပြုလုပ်ပေးခဲ့ကြသူတွေပါ။

Nokiaရဲ့ပထမဆုံး Mobile phoneဖြစ်တဲ့
Mobira Cityman 900ကို ၁၉၉၂မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး GSM စနစ်ကိုအသုံးပြုတဲ့ ဖုန်းတစ်လုံးပါ။ လက်ရှိခေတ်သစ်လက်ကိုင်ဖုန်းတွေကို စတင်စေမယ့် ပထမဆုံးခြေလှမ်းလည်းဖြစ်ပါတယ်။ ၁၉၇၃မှာ ပထမဆုံးစတင်ထွက်ရှိခဲ့တဲ့ လက်ကိုင်ဖုန်း HTC Dream နဲ့ယှဥ်ရင် လုံးဝကို ဆင့်ကဲပြောင်းလဲသွားပြီဖြစ်တဲ့ ထုတ်ကုန်မျိုးပါ။

၂၀၀၄ ခုနစ် နိုဝင်ဘာ ၂ရက်နေ့မှာ Nokia ဟာ သူတို့ရဲ့ပထမဆုံး Touch Screen ဖုန်းဖြစ်တဲ့ Nokia 7710 ကိုစတင်မိတ်ဆက်လာပါတယ်။ နောင်အခါမှာတစ်ကမ္ဘာလုံးမှာနာမည်ကြီးလာမယ့် Nokia 5800 ရဲ့ဘိုးဘေးဖြစ်ပြီး Symbian OS ကိုအသုံးပြုပါတယ်။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Donde viven las historias. Descúbrelo ahora