လက်ဖက်သမိုင်း

21 0 0
                                    

ကမ္ဘာ့သမိုင်းနှင့်လက်ဖက်

ဒီဆောင်းပါးလေးမှာတော့ တရုတ်၊ တိဗက်၊ ဂျပန်၊ အိန္ဒိယ၊ မြန်မာစတဲ့ နိုင်ငံတွေက လက်ဖက်ယဥ်ကျေးမှုတွေအကြောင်း အကျဥ်းဖော်ပြပေးသွားပါမယ်။ လိုအပ်ချက်များ၊ အမှားများရှိရင်လည်း ခွင့်လွှတ်ပေးကြပါ။

လက်ဖက်မွေးဖွားရာ တရုတ်ပြည်

လွန်ခဲ့တဲ့ နှစ်ငါးထောင်ကတည်းက တရုတ်ပြည်မှာ လက်ဖက်ရည်ကို စတင်သောက်သုံးနေကြပါပြီ။ ဒဏ္ဍာရီတွေအရ ၂၇၃၂ ဘီစီမှာ ဧကရာဇ် ရှန်းနွန်ဟာ  သစ်ပင်ရိုင်းတစ်ခုက သစ်ရွက်တွေကို ရေနွေးပူထဲ ခပ်ထည့်ရင်း ရေနွေးကြမ်းပြုလုပ်နည်းကို စတွေ့ခဲ့တယ်လို့ ဆိုပါတယ်။

သူသောက်ပြီးတဲ့နောက် ရေနွေးကြမ်းဟာ သူ့ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေအားလုံးကို စူးစမ်းလေ့လာနေသလို ခံစားရတဲ့အတွက် "ch'a" စူးစမ်းခြင်းလို့ အဓိပ္ပါယ်ရတဲ့စကားလုံးကို လက်ဖက်ရွက်ရဲ့ပထမဆုံးနာမည်အဖြစ် သတ်မှတ်အသုံးပြုစေခဲ့ပါတယ်။

ဟန်ခေတ်အရေးအသားတွေမှာတော့ လက်ဖက်ဆိုတာကို ကိုယ်စားပြုတဲ့စကားလုံးဟာ သစ်ကိုင်းနဲ့မြက်ရဲ့အလယ်မှာ လူဆိုတဲ့စကားလုံးကို ထည့်သွင်းရေးသားပြီး စကားလုံးသုံးလုံးပေါင်းစပ်ခြင်းရဲ့အသံထွက်ကလည်း 'ch'a' ပါပဲ။

အစပိုင်းမှာတော့ ဆေးပင်တစ်မျိုးအနေနဲ့သာ သုံးစွဲခဲ့ပေမဲ့ လေးရာစုကနေ ရှစ်ရာစုအတွင်းမှာ လူကြိုက်များလာခဲ့ပြီး နေ့စဥ်စိတ်ကြည်လင်ဖို့အတွက် သောက်သုံးစရာတစ်ခု ဖြစ်လာခဲ့ပါပြီ။ တရုတ်ပြည်တစ်ခုလုံး လက်ဖက်စိုက်ပျိုးရေး ကျယ်ပြန့်လာတာနဲ့အမျှ လက်ဖက်ကုန်သည်တွေလည်း ချမ်းသာလာတော့တာပေါ့။ သူဌေးသူကြွယ်တွေဆိုရင်လည်း ဘယ်​ဒေသကထွက်တာ၊ စျေးဘယ်လောက်တန်တဲ့ လက်ဖက်ရွက် စသည်ဖြင့် ရေနွေးကြမ်းကိုပဲ ဂုဏ်တုဂုဏ်ပြိုင်လုပ်တာတဲ့ အထိပါပဲ။

ရှေးတရုတ်ပြည်ကြီးဟာ လက်ဖက်ရွက်စိုက်ပျိုးရာမှာ အင်မတန် ဂရုတစိုက် အလေးထားခဲ့ပါတယ်။ လက်ဖက်ရွက်စိုက်ပျိုးခြင်းနဲ့ ပတ်သက်တဲ့ ဓလေ့တွေလည်းပေါ်ထွန်းလာပြီး  အပျိုစင်စစ်စစ်ကိုပဲ လက်ဖက်ရွက်ခူးဆွတ်ခိုင်းတာမျိုးပေါ့။ နောက်ပြီး လက်ဖက်ခူးတဲ့မိန်းမပျိုတွေဟာ လက်ဖက်ရွက်ရဲ့အနံအရသာကို ထိခိုက်စေနိုင်တဲ့ ကြက်သွန်ဖြူနီစတဲ့ အနံပြင်းပြင်းစားစရာတွေကို စားခွင့်မရကြပါဘူး။ သူတို့လက်ဖျားတွေမှာ အနံစွဲကျန်နေပြီး လက်ဖက်ရွက်ကို ထိခိုက်မှာစိုးလို့ပါတဲ့။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Donde viven las historias. Descúbrelo ahora