ဂျပန်အထက်တန်းကျောင်းသားဘဝ

17 1 0
                                    

Animeထဲက ကျောင်းသားဘဝက
တကယ့် ဂျပန်က ကျောင်းသားဘဝနဲ့ တူရဲ့လား။

Animation ဆိုတဲ့ အင်္ဂလိပ်စကားလုံးကနေ
ဆင်းသက်လာတဲ့ Anime ကို အလွယ်အားဖြင့် အနောက်တိုင်း ကာတွန်းကနေ ဆင်းသက်လာတဲ့ ဂျပန်စတိုင် ကာတွန်းလို့ မှတ်ယူနိုင်ပါတယ်။ Anime တွေပေါ်ပေါက်လာတာဟာ ယခုနှစ်ဆိုရင်တော့ ၁၀၃ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ နာမည်ကျော် Anime တွေကိုလည်း
စာတန်းထိုးဖြင့်ဖြစ်စေ နောက်ခံအသံသွင်းဖြင့် ဖြစ်စေ အခြားဘာသာသို့ ပြန်ဆိုပြီး
ဖြန့်ချိခဲ့ပါသေးတယ်။ Drama အမျိုးအစားကစလို့ Science -fiction တွေ၊ Horror ကနေစလို့ Fantasy တွေ စတဲ့မြောက်များစွာသော
အမျိုးအစားတွေကို လက်တွေ့ကမ္ဘာကြီးကနေ စိတ်ကူးစိတ်သန်းရယူထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ကူးစိတ်သန်းဆိုတာက အကြံဉာဏ်မျှသာဖြစ်ပြီး လက်တွေ့ကမ္ဘာကို ကိုးကားထားတယ်ဆိုပေမယ့် လုံးဝတူညီနေတာ မျိုးတော့ မဟုတ်ပါဘူး။

ဥပမာတစ်ခုအနေနဲ့ ယနေ့မှာတော့ စာဖတ်သူတို့ မြင်နေတွေ့နေကျဖြစ်တဲ့ Anime တွေထဲက အထက်တန်းကျောင်းတွေနဲ့ လက်တွေ့ဂျပန်က အထက်တန်းကျောင်းတွေ တူညီမှုရှိရဲ့လား ဆိုတာ ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
Anime တွေထဲက ဇာတ်လိုက်အများစုဟာ
အထက်တန်းကျောင်းသားတွေ ဖြစ်လေ့ရှိတာကြောင့် သူတို့ပညာသင်ကြားရာ အထက်တန်းကျောင်းတွေနဲ့ပတ်သက်တဲ့
Scenes တွေအများအပြား ပါလေ့ရှိတာ
သတိထားမိမှာပါ။

Anime ထဲမှာ ပါလေ့ရှိတဲ့ကျောင်းတော်များ။

Animeထဲမှာပါတဲ့
အထက်တန်းကျောင်းတွေကတော့
အများအားဖြင့် ဇာတ်ကောင်တွေက စာသင်ခန်းထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောခြင်း၊ ကျောင်းကလပ်တွေ
မှာဝင်ရောက်ခြင်း၊ နေ့စဥ်ဝေယျာဝစ္စ တွေကိုပြုလုပ်ခြင်း၊ ကျောင်းရဲ့တိတ်ဆိတ်တဲ့နေရာတွေမှာ သူငယ်ချင်းတွေနဲ့အတူ
အချိန်ကုန်ဆုံးခြင်း စတာတွေကို အများအားဖြင့်တွေ့မြင်မှာပါ။ ဒါပေမယ့် တကယ့်အပြင်က ဂျပန်အထက်တန်းကျောင်းတွေက
Anime ထဲက အထက်တန်းကျောင်းတွေနဲ့
တူပါရဲ့လား။

ဂျပန်ပြည်က အထက်တန်းကျောင်း

ဂျပန်နိုင်ငံမှာ ဂျူနီယာ အထက်တန်းကျောင်းကို အသက် ၁၃နှစ်မှာ
စပြီး တက်ရောက်ရပါတယ်။ အသက် ၁၅နှစ် သို့မဟုတ် ၁၆ နှစ်မှာတော့ အထက်တန်းကျောင်း ဝင်ခွင့်ဖြေရပါတယ်။
Anime ထဲမှာဆိုရင်တော့ စာဖတ်သူအနေနဲ့
ကျောင်းသားတွေက သူငယ်ချင်းတွေနဲ့
အလည်ထွက်တာ၊ မုန့်တွေစားတာ၊
အတန်းထဲမှာ စကားပြောတာ တွေကိုပဲတွေ့ရမှာပါ။ ကံမကောင်းစွာနဲ့ ဂျပန်နိုင်ငံက
အထက်တန်းကျောင်းတွေဟာ စည်းကမ်းကြီးပြီး ကြပ်မတ်လွန်းတဲ့အတွက် အုပ်စုဖွဲ့အလည်ထွက်တာအပြင် စာဖတ်သူ Anime ထဲမှာကြည့်ဖူးတဲ့ အခြားသောကိစ္စရပ်တွေအတွက် ပေးဖို့အချိန်မရှိပါဘူး။ သူတို့ရဲ့အချိန်အများစုကို ကျောင်းစာလေ့လာဖို့အတွက် အသုံးပြုရပါတယ်။ သူတို့အပျော်အပါးအတွက် သုံးရတဲ့အချိန်ကို
ကန့်သတ်ထားရပြီး ကျောင်းစာ မထိခိုက်အောင် နေရပါတယ်။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Nơi câu chuyện tồn tại. Hãy khám phá bây giờ