ထွေလီကာလီ Anime

9 1 0
                                    

McDonald'sအကြောင်း အရင်ဆုံးအကျဉ်းချုံးပြီးပြောကြရအောင်။

McDonald's Corporation က
အမေရိကန်အမြန်စားသောက်ကုန်လုပ်ငန်း
ကုမ္မဏီဖြစ်ပါတယ်။ ၁၉၄၀ ခုနှစ် San Bernardinoမြို့ California ပြည်နယ်မှာ
Richard နဲ့ Maurice McDonald တို့က
စားသောက်ဆိုင်တစ်ခုကိုစဖွင့်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ကမ္ဘာအနှံအပြားမှာဆိုင်ခွဲတွေဖွင့်နိုင်သည်အထိအောင်မြင်လာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကိုရောက်လာတဲ့အခါမှာတော့ McDonald's ဟာလုပ်သား ၁.၇ မီလီယံကို အလုပ်ခန့်ထားနိုင်တဲ့ ကမ္ဘာဒုတိယအကြီးဆုံး ကိုယ်ပိုင်လုပ်ငန်းကြီးတစ်ခုဖြစ်လာခဲ့ပါပြီ။

WcDonald's ဆိုပြီးနာမည်လွဲစခေါ်တဲ့အကြောင်းကိုပြောကြရအောင်။ ဒီနာမည်ကအပြင်မှာလဲတကယ်သုံးခဲ့ဖူးပါတယ်။

၂၀၁၆ ဧပြီလ ၂၇ရက်နေ့ ဒတ်ခ်ျဘုရင်နေ့
မှာ ဒတ်ခ်ျဘုရင်ကြီး Willem- Alexander က
ဒတ်ခ်ျနိုင်ငံရဲ့မြို့တစ်မြို့ဖြစ်တဲ့ Zwolle မှာရှိတဲ့ Mcဆိုင်ခွဲမှာစားသုံးခဲ့ပြီး သဘောကျတာကြောင့်ဂုဏ်ယူတဲ့အနေနဲ့ သူ့နာမည်အစစာလုံးဖြစ်တဲ့ 'W'ကိုရွှေရောင်ကိုင်းညွတ်သဏ္ဍာန်နဲ့ MCရဲ့ဒေသတွင်းဆိုင်ခွဲတွေမှာ
ထည့်သွင်းအသုံးပြုစေခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာလဲ ရွှေရောင်ကိုင်းညွတ်သဏ္ဍာန် W ကို နိုင်ငံတကာအမျိုးသမီးများနေ့ဂုဏ်ပြုအထိန်းအမှတ်အဖြစ်နဲ့ California
ဆိုင်ခွဲတွေကတစ်ဖန်ပြန်လည်အသုံးပြုခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။

Animeတွေထဲမှာကတော့ WcDonald'sလို့
နာမည်လွှဲကြတဲ့အပြင်
EcDonald's
Mcdymaid's
WkDonald's
MgDonald'sဆိုပြီးအခြားပုံစံကွဲများစွာကိုလဲအသုံးပြုတတ်ကြပါတယ်။

စကားမစပ် A wild last boss appeared ထဲမှာတောင်ပါလိုက်သေးတယ်။

Maid လေးတွေ ဘယ်လိုလုပ်ပြီး
Animeထဲမှာ ခေတ်စားလာကြသလဲ။

Rem,Ram ကနေစလို့ Overlordထဲမှာတောင်
Battle maidsပေါင်းများစွာပါဝင်ပါတယ်။
ဒီလိုပဲ K-Onထဲက ဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ Sawako Yamanakaတောင်မှ Maid Outfitတွေဝတ်ပါသေးတယ်။ (Miss Kobayashi's Dragon maidကိုလည်း
ထည့်တွက်ရပါမယ်။)

ဒီနေ့ခေတ်မှာဆိုရင်တော့ maidsတွေဟာ
Animeတွေထဲမှာ ပုံသေလိုလိုကို ပါလေ့ရှိတဲ့
ဇာတ်ကောင်အမျိုးအစားတစ်မျိုးဖြစ်လာပါပြီ။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Donde viven las historias. Descúbrelo ahora