ဝတ္ထုရေးသားခြင်း ၁၀

33 1 0
                                    

ဝတ္ထုရေးသားခြင်းအနုပညာ
Chapter 10 - ဒိုင်ယာလော့ပြဿနာအဖြေရှာ

စာရေးသူတွေဟာ ဇာတ်လမ်းတစ်ခုကို ဖော်ပြတင်ဆက်ရာမှာ နည်းလမ်းနှစ်မျိုးကို အသုံးပြုတတ်ကြပါတယ်။

ဇာတ်ကောင်တွေ ဆက်ဆံပြောဆိုတဲ့ စကားတွေကိုဖော်ပြတဲ့ ဒိုင်ယာလော့နဲ့ စာဖတ်သူတွေ သိဖို့လိုအပ်တဲ့အရာတွေကို ဖော်ပြပေးတဲ့ Exposition ခေါ်ရှင်းလင်းချက်တွေပဲဖြစ်ပါတယ်။

ဒိုင်ယာလော့တွေဟာ စာဖတ်သူတွေကို ဇာတ်ကောင်တွေရဲ့အလေ့အထအကြောင်း ပိုမိုနားလည်လာစေဖို့အတွက် အကူအညီပေးပါတယ်။ ကောင်းမွန်တဲ့ဒိုင်ယာလော့တွေဟာ ဝတ္ထုရဲ့စာဖတ်သူကို ဖမ်းစားနိုင်စွမ်းကို တိုးတက်လာစေနိုင်ပါတယ်။

ဒီတော့ ဒိုင်ယာလော့ဆိုတာ ဘာလဲ။

ဒိုင်ယာလော့ဆိုတာဟာ သူတို့ရဲ့ခံစားချက်နဲ့အတွေးတွေကို စကားလုံးအနေနဲ့ ထုတ်ဖော်ပြသခြင်းဖြစ်ပါတယ်။ ဥပမာအနေနဲ့

"ဒီနေ့ညစာ ဘာစားချင်လဲ။" မောင်နီက သူ့သူငယ်ချင်း ငလှကို မေးလိုက်တယ်။

"ငါတော့မသိဘူးကွာ၊ မင်းပဲဆုံးဖြတ်။" ငလှက ပြန်ဖြေတယ်။

လက်ရှိအချိန်မှာတော့ ကျွန်တော်တို့မြန်မာစာရေးသူအများစုက ဒိုင်ယာလော့ကို "...." ထဲထည့်ပြီး ရေးလေ့ရှိပေမဲ့ ရှေးစာရေးသူတချို့ကတော့ အခုလိုမျိုး ရေးတတ်ပါတယ်။

[မောင်နီ။ ။ ဒီနေ့ညစာ ဘာစားချင်လဲ။
ငလှ။ ။ ငါတော့မသိဘူး၊ မင်းပဲဆုံးဖြတ်။]

ပြီးတော့ တချို့စာရေးသူတွေဟာ ဒိုင်ယာလော့တွေကို လုံးဝမရေးဘဲ စာသားသက်သက်နဲ့ပဲ တင်ဆက်သွားတာမျိုးလည်း ရှိပါတယ်။ ဥပမာအနေနဲ့ဆိုရင်

[မောင်နီက ငလှကို ဒီနေ့ညစာဘာစားမလဲမေးတယ်။ငလှကတော့ သူဘာစားရမလဲ တွေးမရဘူး၊ မောင်နီကိုပဲ ဆုံးဖြတ်ခိုင်းလိုက်တယ်။] စသည်ဖြင့် သုံးတတ်ပါသေးတယ်။

ဒီတော့ ဒိုင်ယာလော့နဲ့ရှင်းလင်းချက်က ဘာကွာလဲပြန်ဆန်းစစ်ကြည့်ရင်တော့ ဒိုင်ယာလော့ဟာ ဝတ္ထုထဲမှာ ဇာတ်ကောင်တွေအချင်းချင်းပြောတဲ့စကားဖြစ်
ပြီး ရှင်းလင်းချက်ဟာ ဇာတ်လမ်းအသွားအလာကို စာဖတ်သူတွေ နားလည်အောင် ရှင်းပြတဲ့စာသားဖြစ်ပါတယ်။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Onde histórias criam vida. Descubra agora