ဝတ္ထုရေးသားခြင်း (၂)

80 5 0
                                    

ဝတ္ထုရေးသားခြင်းအနုပညာမိတ်ဆက်
အခန်း (၂) ဇာတ်လမ်းတည်ဆောက်ပုံ တည်ဆောက်နည်းများ

ဇာတ်လမ်းတည်ဆောက်ပုံနည်းလမ်း Story Structure ဟာ စာရေးဆရာတစ်ယောက် သူ့ရဲ့ဝတ္ထုအတွင်းမှာ ထည့်သွင်းမယ်။ ဘယ်လိုအတွေးအခေါ်နဲ့အယူအဆအပိုင်းကို ဖော်ပြမယ်ဆိုတာကို ဆုံးဖြတ်ပါတယ်။

စာရေးသူအနေနဲ့ မိမိဇာတ်ကောင်ကို ဘယ်ပုံဘယ်နည်းနဲ့ ပျိုးထောင်မယ်၊ ဇာတ်ကောင်တွေရဲ့စရိုက်နဲ့ လုပ်ရပ်တွေ၊ ဇာတ်လမ်းရဲ့အနှစ်သာရ စတာတွေကိုပါ ဆုံးဖြတ်ပေးပါတယ်။ ဝတ္ထုကတိုလေ Story Structure တွေကို တိတိကျကျလိုက်နာရလေပါပဲ။ ဝတ္ထုတိုရေးတဲ့အခါမှာ ဝတ္ထုရှည်ရေးသလိုမျိုး Filler up အခန်းတွေကို များများစားစားထည့်ရေးလို့ မရနိုင်ပါဘူး။ ဒီအစား တိုတိုနဲ့လိုရင်းထိမိအောင် ရေးရပါတယ်။ ဒီတော့ သတ်မှတ်ထားတဲ့စာလုံးရေအတွင်းမှာ ထိမိအောင်ရေးဖို့ တည်ဆောက်ပုံရှိဖို့လိုလာတာပေါ့။

ကျွန်တော့်ရဲ့ဝတ္ထုတိုဖြစ်တဲ့ "ဖိုးကျော့နဲ့ခွေးနီကြီး" မှာဆိုရင်လည်း တရုတ်တွေရဲ့ရိုးရာစာရေးနည်း Four Act Structure ကို ထည့်သွင်းထားခဲ့ပါတယ်။

၂.၂ Four Act Structure (လေးပိုင်းစာဖွဲ့နည်း)

တရုတ်တွေက အစပြုတဲ့နည်းလမ်းဖြစ်ပေမဲ့ အရှေ့တိုင်းရဲ့နေရာတော်တော်များများမှာ အသုံးပြုတဲ့ နည်းလမ်းဖြစ်ပါတယ်။ တရုတ်၊ ဂျပန်၊ ကိုရီးယားသုံးနိုင်ငံလည်း သုံးကြတဲ့နည်းလမ်းဖြစ်ပြီး ယနေ့အထိ ကိုရီးယားဇာတ်လမ်းတွဲတွေမှာ Four Act Structureကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြဆဲပါ။ ပညာရှင်တချို့ရဲ့အဆိုအရ BTS သီချင်းစာသားတွေမှာလည်း အလားတူတည်ဆောက်ပုံမျိုးကို တွေ့ရပါတယ်။ တကယ်လည်း Four Act Structure ဟာ ဝတ္ထုရေးသားခြင်းတစ်ခုတည်းမှာ ကန့်သတ်ထားတာမဟုတ်ဘဲ ကဗျာနဲ့တေးဂီတပိုင်းမှာပါ အသုံးချကြတယ်။ နဂိုကလည်း လေးပိုင်းစာဖွဲ့နည်းဟာ ကဗျာတွေရေးဖွဲ့ဖို့ တည်ဆောက်ထားခဲ့တာပါ။

နာမည်အတိုင်းပဲ ဇာတ်လမ်းကို အပိုင်းလေးပိုင်းခွဲတည်ဆောက်တာဖြစ်ပါတယ်။ အရှေ့စွန်းဖျားသုံးနိုင်ငံက တူညီတဲ့နည်းလမ်းတစ်ခုတည်းကိုသုံးပြီး စာရေးကြပေမဲ့ ကာလရွေ့လျားမှုကြောင့် သူတို့နိုင်ငံတွေရဲ့စာပေမူဟန်အလိုက် ပိုမိုသင့်လျော်တဲ့ ပုံစံဖြစ်စေဖို့ ပြုပြင်ပြောင်းလဲလာကြပါတယ်။ ဒါကြောင့် သုံးနိုင်ငံရဲ့လေးပိုင်းဖွဲ့နည်းဟာ တစ်ခုနဲ့တစ်ခုမဆိုသလောက်လေး ခြားနားပါတယ်။ ဒါပေမဲ့ ကျွန်တော်ပေးနိုင်တဲ့အချိန်က အကန့်အသတ်ရှိနေလေတော့ ဒီနေရာမှာတော့ တရုတ်မူရင်းလေးပိုင်းဖွဲ့ဟန်ကိုသာ အဓိကရှင်းပြသွားမှာဖြစ်ပါတယ်။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Tempat cerita menjadi hidup. Temukan sekarang