ဝတ္ထုရေးသားခြင်း Chapter 0

55 5 4
                                    

ဝတ္ထုရေးသားခြင်းအနုပညာ
Chapter 0 - စရေးမည့်သူများအတွက် အခြေခံများ

ဒီအပိုင်းကတော့ ပထမဆုံးအကြိမ်အဖြစ် ဝတ္ထုစရေးမယ့်သူတွေအတွက် ရည်ရွယ်ပါတယ်။ အင်တာနက်ပေါ်က ဆောင်းပါးတွေကို ကျွန်တော့်အသိဉာဏ်သေးသေးလေးနဲ့ ဝေဖန်ဆင်ခြင်ပြီး ပေါင်းစပ်ထားတဲ့ စုပေါင်းစပ်ပေါင်း ဆောင်းပါးတစ်ပုဒ်ပါ။ ကျွန်တော်က စာရေးဆရာစင်စစ်တစ်ယောက်လို့ ယူဆလို့မရနိုင်သေးတဲ့အတွက် ကိုယ်တိုင်အကြံပေးမယ်ဆိုရင် မသိသူကို မတတ်သူက သင်သလိုမျိုး ဖြစ်နေမှာပါ။ ဒါကြောင့်မူရင်းဆောင်းပါးတွေကို သေသေချာချာဖတ်ရှူပြီး အားလုံးအတွက် အကျိုးရှိအောင်၊ နားလည်လွယ်အောင် မှတ်စုလေးထုတ်ပေးတဲ့ သဘောပါပဲ။

ရောမမြို့ကြီးကို တစ်ရက်တည်းနဲ့ တည်ထောင်ခဲ့တာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီမှာဖော်ပြထားတဲ့ အချက်တွေက အရင်ဆောင်းပါးတွေကလိုမျိုး ချက်ချင်းလိုက်အကောင်အထည်ဖော်လို့ရတာမျိုးတွေတော့ မဟုတ်ပါဘူး။ အများစုက အလေ့အထတစ်ခုအနေနဲ့ တစ်ဆင့်ချင်း ပျိုးထောင်သွားရမှာဖြစ်ပါတယ်။

ဘောပင်ကိုင်ပြီး စာရေးတာကိုတော့ စာဖတ်သူ၊ စာတတ်သူတိုင်း လုပ်တတ်ကြပါတယ်။ ဒါပေမဲ့ ကလောင်လက်နက်ကို ထက်အောင်သွေးနိုင်မယ့်နည်းလမ်းတွေကို ဒီမှာတွေ့ရမှာဖြစ်ပါတယ်။

၁။ စာဖတ်ရမယ်။

ကျွန်တော်ဟာ အလွန်ကံကောင်းတဲ့အတွက် ဘဝမှာ သင်ဆရာနှစ်ယောက်နဲ့ ကြုံခဲ့ရပါတယ်။ တစ်ယောက်ကတော့ မဂ္ဂဇင်းတွေမှာ ကဗျာနဲ့ဝတ္ထု​တိုတွေကို ရေးသားခဲ့ဖူးတဲ့ ကျောင်းအုပ်ဆရာမကြီးတစ်ဦးဖြစ်ပြီး အခြားတစ်ယောက်ကတော့ ဇာတ်ညွန်း​​လည်းရေး၊ လုံးချင်းဝတ္ထုလည်း အရေးကောင်းတဲ့ ဆရာပဥ္စမံဒီရိုင်းပါ။

သူတို့နှစ်ယောက်လုံး သတိပေးတာကတော့ စာရေးချင်တဲ့သူက စာဖတ်ရပါမယ်တဲ့။ National Centre of Writingကလည်း ဒီအလေ့အကျင့်မွေးမြူဖို့ အရေးကြီးတဲ့အကြောင်းကို အခုလိုမျိုးဖော်ပြပေးထားပါတယ်။

"ဘယ်လိုစာပေမျိုးကို သင်ရေးချင်ပါသလဲ။ အဲဒီစာပေအမျိုးအစားမှာပါဝင်တဲ့ အကောင်းဆုံးစာအုပ်တွေကို ဖတ်ရှူလေ့လာပါ။ ကောင်းကွက်ဆိုးကွက်တွေကို မှတ်သားပါ။"

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Donde viven las historias. Descúbrelo ahora