ကော်ဖီသမိုင်း

4 0 0
                                    

ကော်ဖီသမိုင်း

ကမ္ဘာပေါ်မှာ လူသောက်အများဆုံး အရည်ဟာ ​ဘာဖြစ်မယ်ထင်ပါသလဲ။ ရေ၊ လက်ဖက်ရည်နဲ့ ကော်ဖီတို့က လူသောက်အများဆုံးအရည်တွေထဲက ကြီးသုံးကြီးပေါ့။

ကမ္ဘာအနှံမှာပေါက်နေတဲ့ ကော်ဖီတောအုပ်​ကြီးတွေကနေတစ်ဆင့် ဇာစ်မြစ်ကိုခြေရာကောက်တော့ ကမ္ဘာ့ကော်ဖီသမိုင်းက အီသီရိုးပီးယားက ဆိတ်ကျောင်းသားလေး Kaldiဒီမှာစသတဲ့။

ဆိတ်တွေ ကော်ဖီစေ့​စားပြီး မြူးကြွကာ ညမအိပ်ဘဲနေနေတာကို စသတိပြုမိခဲ့တဲ့ ဆိတ်ကျောင်းသားဟာကမ္ဘာ့ပထမဆုံး ကော်ဖီစေ့ကို ရှာဖွေတွေ့ရှိသူပါတဲ့။ သူက ဒေသခံဗလီကျောင်းထိုင်ဆရာကို ဒီအကြောင်း​သွားပြောတော့ ကျောင်းထိုင်ဆရာကလည်း ကော်ဖီကို စမ်းဖျော်ပြီးသောက်ကြည့်ရင်း ကမ္ဘာ့ပထမဆုံးဘလက်ကော်ဖီသောက်ဖူးသူဖြစ်လာသတဲ့။ သူကနေတစ်ဆင့် တခြားဘာသာရေးဆရာတွေကိုညွန်းပေးရင်း ကော်ဖီသောက်တဲ့ဓလေ့လေးစဖြစ်လာ။ ဒီလိုသောက်မှလည်း သူတို့ရဲ့ညနေခင်းဝတ်ပြုချိန်မှာ နိုးနိုးကြားကြားရှိနေမှာကိုး။

နောက်တော့ ကော်ဖီသတင်းလူချင်းဆောင်ရာကနေ တောင်အာရေဗျ၊ အာရေဗျကျွန်းဆွယ်ကြီးတစ်ခုလုံးဆီ ကော်ဖီပြန့်နှံသွားတယ်။

အာရေးဗျကျွန်းဆွယ်ကော်ဖီသမိုင်း

ဒီကျွန်းဆွယ်ကြီးပေါ်မှာ ပထမဆုံးကော်ဖီကုန်သွယ်မှုကို စတင်ပြုလုပ်ခဲ့တာဖြစ်တယ်။ ၁၅ရာစုမှာ အာရေဗျကျွန်းဆွယ်ရဲ့ယီမင်နီစီရင်စု၊ ယခုယီမင်သမ္မတ နိုင်ငံရှိရာမှာ ကော်ဖီပင်တွေကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြတယ်။ ၁၆ရာစုအရောက်မှာတော့ အနားဝန်းကျင်က ပါရှား၊ အီဂျစ်၊ ဆီးရီးယားနဲ့တူရကီအထိ ပြန့်သွားပြီ။

အိမ်မှာသောက်ရုံတင်အားမရတော့တဲ့ အာရပ်ကမ္ဘာသားတို့ဟာ ပထမဆုံးသော Cafeတွေကို ထိုခေတ်ကတည်းက စတင်ဖွင့်လှစ်နေကြပါပြီ။ Near East ဒေသတစ်လျှောက် မြို့ရွာတွေမှာ ကော်ဖီဆိုင်လေးတွေ ကြိုကြားကြိုကြားရှိနေပြီဖြစ်ပြီး သိပ်မထင်ရှားကြသေးပေမဲ့ အာရပ်လူထုကတော့ အမျိုးမျိုးသော ရည်ရွယ်ချက်တွေအတွက် Cafeဆိုင်ထိုင်တတ်တဲ့လူမျိုးဖြစ်နေကြပါပြီ။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Onde histórias criam vida. Descubra agora