တရုတ်​ Animation သမိုင်း

7 1 0
                                    

တရုတ် Animation သမိုင်းကြောင်းအကျဉ်း

နောက်ပိုင်း ကျွန်တော်တို့သတိထားမိလာတာကတော့ ဂျပန် Anime တွေအပြင် တရုတ်ရဲ့ Donghua ဟာလည်း စျေးကွက်အတွင်းမှာ ထိုးဖောက်မှုရှိလာသလို ကြည့်ရှုသူလည်း အတော်များလာတော့ လစ်လျူရှုလို့မရနိုင်တော့ဘူးလို့ဆိုရပါမယ်။ ဒီနေ့မှာတော့ တရုတ်ပြည်ကြီးရဲ့ Animation သမိုင်းကြောင်းကို လေ့လာကြရအောင်လား။

ပထမဦးစွာ တရုတ်ပြည်မှာထုတ်လုပ်တဲ့
Animation ကို တရုတ်ရိုးရာစာနဲ့ 中國動畫
၊ ရှင်းလင်းလွယ်ကူသော တရုတ်စာ နဲ့
中国动画၊ Pinyin အသံထွက်အားဖြင့်
Zhōngguó dònghuà ဒါမှမဟုတ် Donghua ရယ်လို့ အလွယ်ခေါ်ပါတယ်။

BC ၁ ရာစု တရုတ်လက်မှုပညာသည် Ding Huan ဟာ 'ထူးဆန်းသည့်ငှက်များနှင့်ဆန်းကြယ်သည့်တိရစ္ဆာန်များ'ဆိုတဲ့ သက်ရှိသတ္တဝါလေးများ သဘာဝဆန်စွာလှုပ်ရှားနေတဲ့ပုံရိပ်တွေကို ပြနိုင်တဲ့ပစ္စည်းတစ်ခုကို တီထွင်ခဲ့ပါတယ်။ သိပ်ပြီရှင်းရှင်းလင်းလင်းမသိရပေမယ့်၊ ဗြိတိန်သမိုင်းပညာရှင် Joeseph Needham ကတော့ Zoetrope တစ်မျိုးဖြစ်နိုင်တယ်လို့ မှတ်ချက်ချခဲ့ပါတယ်။

စာနဲ့ရှင်းတာထက် ပုံနဲ့ပြတာ ပိုလွယ်နိုင်တာကြောင့် ပုံပဲပြလိုက်ပါတယ်။ ပုံမှာပါတဲ့ Zoetrope ပုံစံမျိုးကိုတော့ ၁၈၆၆ ခုနှစ် Milton Bardley ကုမ္မဏီက ကလေးကစားစရာအဖြစ်စတင်ထုတ်လုပ်ခဲ့ပြီး ထိုခေတ်က အင်မတန်အောင်မြင်ခဲ့ပါတယ်။ အဲဒီပစ္စည်းလေးကို လှည့်ပေးလိုက်တာနဲ့မြင်းပြေးနေတဲ့ပုံစံကို မြင်နိုင်ပါတယ်။ ခေတ်သစ် Animation ပညာက ၁၉၁၈ ခုနှစ်မှ တရုတ်ပြည်ကိုရောက်လာခဲ့တာပါ။ အဲဒီနှစ်မှာ အမေရိကန်ထုတ် Out of the Inkwell ခေါင်းစဥ်နဲ့ Animation ဟာ ရှန်ဟိုင်း ကိုဆိုက်ရောက်လာပါတယ်။

ဒါပေမယ့် တရုတ်မှာ Animation ထုတ်လှုပ်မှုစတင်တာကတော့ ၁၉၂၆ ခုနှစ် Wan Brothers ရောက်ရှိလာတဲ့အချိန်မှ ဖြစ်ပါတယ်။ ၁၉၃၅ မှာတော့ Wan Brothers ကပဲ
The Camel's Dance အသံပါ Animation ကိုစတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အဲဒီAnimation က တရုတ်နိုင်ငံမှာထုတ်တဲ့ ပထမဆုံးAnimation ဖြစ်ခဲ့ပါတယ်။   ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပထမဆုံး Animation ကတော့ ၁၉၂၉ ခုနှစ်
ကာတွန်းဆရာကြီး ဦးဟိန်စွန်း နဲ့စာရေးဆရာ ဇာဝန တို့ရဲ့ ဦးကလိန်ပါ။
ဂျပန်ကတော့ ၁၉၁၇ ဆိုတော့ အဲဒီခေတ်အခါက သိပ်ခေတ်နောက်ကျတဲ့အထဲမပါခဲ့ပါဘူး။ အခုတော့ အများကြီးခေတ်နောက်ကျကျန်ခဲ့ပါပြီ။ သိသာထင်ရှားအောင် ရှည်လျားတဲ့ တရုတ်လုပ် Animationကတော့ ၁၉၄၁ ခုနှစ်ထွက် Princess Iron Fan ဖြစ်ပါတယ်။ တရုတ်ရိုးရားယဥ်ကျေးမှုတွေ ပါဝင်တဲ့ ပထမဆုံး Animation ဖြစ်လာခဲ့ပါတယ်။ ဒီ Animationက အာရှတိုက်တစ်ခုလုံးအပေါ်မှာ ကြီးမားတဲ့သက်ရောက်မှု ဖြစ်စေခဲ့ပြီး စစ်ဖြစ်နေတဲ့အချိန်မှာ ဖြစ်တာတောင်မှ
ဂျပန်နိုင်ငံ Anime ရဲ့ဖခင်ကြီး၊ Manga တွေရဲ့ဘုရားသခင် Osamu Tezuka အပေါ်မှာတောင် တွန်းအားတွေ ဖြစ်စေခဲ့ပါတယ်။
တရုတ်ပြည်ဟာ ၁၉၆၀ နှစ်များရဲ့ အလယ်ပိုင်းမှာ Wan Brothers နဲ့အတူ ကမ္ဘာမှာခြေတစ်လှမ်းဆက်လှမ်းနိုင်ခဲ့ပြီး တရုတ် Animation ဖြစ်တဲ့ Havoc in Heaven ဟာ ဆုပေါင်းများစွာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Nơi câu chuyện tồn tại. Hãy khám phá bây giờ