Otome

3 1 0
                                    

Otome ဆိုတာ ဘာလဲ။

(乙女ゲーム . otome gemu) ဆိုတာက
မိန်းကလေးတွေကို ပစ်မှတ်ထားပြီး ထုတ်ထား
ရတဲ့ စာဖတ်ပြီးကစားရတဲ့ ဂိမ်းအမျိုးအစားကို
ဆိုလိုတာပါ။ 1994ထုတ် Koeiရဲ့ Angelique Seriesက ပထမဆုံး Otomeအဖြစ် မှတ်တမ်း
ဝင်ခဲ့ပြီး မှတ်သားစရာတစ်ခုက ဂိမ်းကိုတည်
ဆောက်တဲ့နေရာမှာ ပါဝင်ခဲ့တဲ့ developer
အားလုံးဟာ အမျိုးသမီးတွေချည်းဖြစ်ပါတယ်။

အစကတော့ ဂျပန်စျေးကွက်ထဲကမိန်းကလေး
တွေအတွက်ပဲ ရည်ရွယ်ခဲ့တာဆိုပေမဲ့အခုတော့
အနောက်နိုင်ငံတွေနဲ့ တစ်ကမ္ဘာလုံးမှာပါ ခေတ်
စားလာပြီ ဆိုပါစို့ဗျာ။ JOtome တွေကို
English ဘာသာပြန်ဆိုပြီး နိုင်ငံတကာမှာ
ကစားလို့ရအောင် ပြန်ထုတ်ကြသလို Japan
ကထုတ်တာမဟုတ်တဲ့ ဂိမ်းတော်တော်များများ
လည်း ရှိနေပါပြီ။ များသောအားဖြင့် Nintendoမှာပဲ ဆော့ကြပေမဲ့ PS vita,Mobileနဲ့ PC တွေမှာလည်း ဆော့ကြ
ပါတယ်။

အကြမ်းဖျင်းတော့ အမျိုးအစားလေးမျိုး
ခွဲထားပါတယ်။

Virtual Novel- သရုပ်ဖော်ပုံတွေ နည်းနည်းပဲ
​ပါပြီး စာများများဖတ်ရတဲ့ အမျိုးအစားပါ။ အရိုးရှင်းဆုံးပုံစံဖြစ်ပြီး Otome တစ်ခုတည်း
ပဲမဟုတ်ဘဲ တခြားgenreတွေအများကြီး
လည်းထွက်ပါတယ်။

Dating sims- Ds တွေကတော့ ပုံတော်တော်ပါတယ်ခင်ဗျ။ နာမည်အတိုင်းပဲ ကောင်လေး/
ကောင်မလေးတွေနဲ့ ချိန်းတွေ့မယ်၊ အမှတ်တရ
အချိန်လေးတွေ ဖြတ်သန်းမယ်။ ပြဿနာတွေ
ကိုဖြေရှင်းပြီး ဆက်ဆံရေးကြီးကိုရှေ့ဆက်မယ်။ ဒီလိုဂိမ်းတွေမှာတော့ stats element
ဆိုတာပါတယ်ဗျ။ ကောင်မလေး/ကောင်လေး က ကိုယ့်ကိုထားတဲ့ခံစားချက် ဘယ်လောက်ထိ
လေးနက်လဲဘာလဲပေါ့။ တကယ်လို့ sub genreက RPGဖြစ်နေမယ်ဆိုရင် Lvl,Hp,
Mana စတဲ့ RPG Elementတွေပါ ထည့်ပေး
တတ်ပါတယ်။

Fandisk- သူကတော့ ဂိမ်းဆိုတာထက် အမှတ်
တရဖြစ်အောင် ဝယ်စုရတဲ့သဘောမျိုးဆောင်
ပါတယ်။ ဝတ္ထုတိုလေးတွေ၊ ကိုယ်ကြိုက်တဲ့
ဇာတ်ကောင်တွေရဲ့Artworkတွေ ၊သီချင်းတွေ
၊ mini gamesလေးတွေပါတဲ့ စုစည်းမှုတစ်မျိုးပေါ့။

Mobage- Moblieပေါ်မှာ ဆော့လို့ရတဲ့ဂိမ်း
တွေကိုပြောတာပါ။ Pay to play, free စသည်
ဖြင့် အမျိုးမျိုးရှိပေမဲ့ playstoreက freeရတဲ့
ဂိမ်းအများစုကတော့ ကြော်ငြာများတာ၊ gem
ပေးပြီး choice လုပ်မှရှေ့ဆက်လို့ရတာမျိုးတွေ၊ Ticket စနစ်ပါနေတာတွေ၊ အရည်အသွေးနိမ့်ပြီး ဇာတ်လမ်းညံ့တာတွေ
ကြောင့် ဆော့ရတာအဆင်မပြေပါဘူး။

Ports- Platform တစ်ခုက ဂိမ်းကို တခြား
တစ်ခုမှာဆော့လို့ရအောင် ပြောင်းထုတ်ပေးတဲ့
ဂိမ်းပါ။ ဥပမာ PCမှာဆော့လို့ရတဲ့ဂိမ်းကို mobileအတွက် ထုတ်ပေးတာမျိုးပေါ့။

Ero ဂိမ်းတွေ၊ ယောက်ျားလေးတွေကိုပစ်မှတ်
ထားတဲ့ FMC ကောင်မလေးကိုဗဟိုပြုတတ်တဲ့
Bishoujoတွေ၊ Adventure ပါတဲ့ဂိမ်းတွေ၊
Harem,Reverse Haremစသည်ဖြင့် ရွေးစရာအတော်များပါတယ်။

များသောအားဖြင့် စာဖတ်ဆော့ရတာဖြစ်ပြီး
အများစုက Route စနစ်ကို အခြေခံထားပါ
တယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ ဒိုင်ယာလော့
တွေ၊ ကိုယ်လုပ်လိုက်တဲ့ မတူညီတဲ့အပြုအမူ
တွေက ဇာတ်လမ်းအပေါ်မှာ သက်ရောက်နေ
မှာဖြစ်ပြီး မတူညီတဲ့ဇာတ်သိမ်းတွေကို ဖြစ်လာ
စေပါတယ်။ မှန်ကန်တဲ့ရွေးချယ်မှုတွေကို လုပ်နိုင်ရင် ကောင်းမွန်တဲ့ဇာတ်သိမ်းနဲ့ကြုံရတာမျိုး၊ ဆိုးဝါးတဲ့ရွေးချယ်မှုကြောင့် ဆိုးဆိုးဝါးဝါးဇာတ်သိမ်းသွားတာမျိုး၊ ဇာတ်ကောင်တွေ သေကုန်လို့ လောင်ရတာမျိုး​တွေ ကြုံတွေ့ရမှာ
ပါ။

ကိုယ့်အကြိုက်ကောင်လေး/ကောင်မလေး ပုံစံကိုလိုက်ပြီးချဥ်းကပ်ရင်း သူတို့နဲ့အပူအပင်မျှဝေခံစားရတာကလည်း ဆော့ရတာပျော်စရာကောင်းစေပါတယ်။ လက်ရာမြောက်လွန်းတဲ့
CG တွေ၊ ရိုမန်တစ်ဆန်တဲ့ဇာတ်ဝင်ခန်းတွေ၊
အက်ရှင်ဇာတ်ဝင်ခန်းတွေကိုကြည့်ရင်း ကိုယ်
တိုင်လိုက်ပါစီးမျောရတာဆိုရင်လည်း ရုပ်ရှင်
တွေထက်တောင် သာလွန်ပါသေးတယ်။ တချို့
ဂိမ်းတွေမှာဆိုရင် animated graphicတွေပါ
ထည့်ပေးထားတတ်ပြီး ဇာတ်လမ်းကိုပံပိုးပေး
မယ့် special Eventတွေလည်းရှိတတ်ပါတယ်။

ဒါပေမဲ့ ဇာတ်လမ်းလည်းပြီး ဖုန်းအားလည်းကုန်ချိန်မှာ အားလုံးကဂိမ်းတစ်ခုပဲ၊ ငါ့နားမှာ သူလိုကောင်လေး/ကောင်မလေးတကယ်မရှိပါလားဆိုတဲ့ခံစားချက်ကလည်း ပြင်းရှရှပန်းသီးဝိုင်လိုပါပဲ။ နောက်ကျမသွားသေးခင် ဘဝဆိုတဲ့ Dating simထဲမှာတကယ့် Targetတစ်ယောက်လောက် ရှာသင့်နေပါပြီဗျာ။

PLAY STOREပေါ်မှာ ဆော့ရအဆင်ပြေတဲ့
ဂိမ်းတချို့ကို ပြောပြပေးလိုက်ပါမယ်။

Gacha Memories
Moe! Ninja Girls
Life in adventure(RPG text base)
Mechat(not otome but dating sim)

မှီငြိမ်းကိုးကား- Naja B,Everything you
need to know about otome games,
Manga Tokyo [Online]

သော်လွင်ကိုကို

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Where stories live. Discover now