Mecha Anime သမိုင်း

6 1 0
                                    

Mecha Animeများ၏ဇာစ်မြစ်နှင့်တိုးတက်
ပြောင်းလဲလာပုံ

တကယ်လို့ စာဖတ်သူအနေနဲ့ Animeတော်တော်လေးကြည့်ဖြစ်မယ်ဆိုရင်တော့ Mecha(メカ) အသံထွက် Meka
ဆိုတဲ့အမျိုးအစားကိုကြားဖူးကြမှာပါ။
ဒါပေမယ့်အဲဒီအမျိုးအစားကဘယ်လိုမျိုးAnimeတွေကိုဆိုလိုတာလဲ။

အလွယ်အားဖြင့်ယူဆမယ်ဆိုရင်တော့
စက်ရုပ်တွေ၊ စက်ပစ္စည်းတွေ၊ ကား၊သေနတ်၊ကွန်ပျူတာ တွေစသည်တို့ပါဝင်တဲ့
Animeတွေကိုဆိုလိုချင်တာဖြစ်ပါတယ်။

ဒီMechaအမျိုးအစား ကမ္ဘာပေါ်မှာစပေါ်လာတာကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာ့ငါးဆယ်ခန့်က ပြင်သစ်ဝတ္တုစာအုပ်ဖြစ်တဲ့
Jules Verne ရဲ့လက်ရာ
"The Steam House"(1880)ကနေအစပြုပါတယ်။ ဒီဝတ္တုမှာတော့ မောင်းနှင်လို့ရနိုင်တဲ့ဆင်ပုံစံစက်ရုပ်တစ်ကောင်အကြောင်းစိတ်ကူးယဉ်ရေးသားထားတာပဲ ဖြစ်ပါတယ်။
ဒီဝတ္တုထက်ပိုပြီးနာမည်ကြီးတာကတော့
H.Gရဲ့ "The Wars of Worlds" ပဲဖြစ်ပါတယ်။

ဒါပေမယ့်ကျွန်တော်တို့ကအနောက်တိုင်းစာပေတွေအကြောင်းပြောဆိုနေတာမဟုတ်တဲ့အတွက်ဒီလောက်နဲ့ပဲရပ်ထားလိုက်ကြရအောင်။

Mechaအမျိုးအစား Animeတွေမှာအဓိက
Sub genre သုံးမျိုးရှိပါတယ်။

၁။ The Super Mecha

ဒီအမျိုးအစားကတော့ကြည့်ကောင်းစေဖို့အတွက်ဦးစားပေးဖန်တီးထားတာဖြစ်ပြီးတော့
သိပ္ပံဆိုင်ရာအချက်အလက်တွေနဲ့ရူပဗေဒသဘောတရားတွေကိုထည့်သွင်းထားခြင်းမရှိပါဘူး။ Pilotတွေရဲ့ကြီးမားမြင့်မြတ်တဲ့
တရားမျှတမှုစိတ်ဆန္ဒကြောင့် ဒီMechaတွေဟာအနှိုင်းမဲ့တဲ့ပုံစံမျိုးအဖြစ်ကိုပေါင်းစပ်သွားတတ်ပါတယ်။ နောက်ပြီး Pilotတွေကလည်းသူတို့ရဲ့တိုက်ခိုက်မှုတွေမှန်သမျှကိုအော်ဟစ်နေတတ်ပါတယ်။

ဥပမာအားဖြင့် ၁၉၈၈မှာစတင်ထွက်ခဲ့တဲ့
Gun buster လိုဇာတ်လမ်းတွေဖြစ်ပါတယ်။

၂။ The real Robot

ဒီအမျိုးအစားက အခြားသော Sub Genreတွေထက်ပိုပြီးတော့ သိပ္ပံနည်းကျပါတယ်။ ဒီဇာတ်လမ်းတွေမှာပါတဲ့စက်ရုပ်တွေက စစ်ဖက်ဆိုင်ရာသုံးစက်ရုပ်တွေနဲ့ဆင်တူပါတယ်။ သူတို့တွေကခဲယမ်းကျည်ဆန်တွေကိုလိုအပ်တဲ့အပြင် ပျက်စီးတတ်သလို ပြန်လည်ပြုပြင်ဖို့လဲလိုအပ်ပါတယ်။
ဒီဇာတ်လမ်းမျိုးတွေက ပိုပြီးတည်တည်ကြည်ကြည်နိုင်ပြီးတော့ သူရဲကောင်းဇာတ်လမ်းသိပ်မဆန်ပါဘူး။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Donde viven las historias. Descúbrelo ahora