ရာဇဝင် ဓားကိုးလက်

20 2 0
                                    

ရာဇဝင် ဓားကိုးလက်

ဒီတစ်ခါမှာတော့ တရုတ်ပြည်ရာဇဝင်ထဲက နာမည်ကျော်ဓားကိုးလက်အကြောင်း ဖော်ပြပေးပါမယ်။ Kingdom Building စာစဉ်တွေနဲ့ သမိုင်းနောက်ခံစာစဉ်တွေမှာ မပါမဖြစ်ပေါ့ဗျာ။

သော်လွင်ကိုကို

၉။ ထည်ဝါခြင်းဓား (ချန်ယင်)

ချန်ယင်ဓားဟာ အသွားမပါတဲ့ဓားရှည်ဖြစ် ပါတယ်။ နေ့နဲ့ည အပြောင်းအလဲအချိန်တွေ ဖြစ်တဲ့ နေထွက်ချိန်၊ နေဝင်ချိန်တွေမှာ ဆွဲထုတ်ကြည့်မယ်ဆိုရင် ဓားမှာပါတဲ့ပုံရိပ် တွေက နံရံမှာသွားပြီးထင်ဟပ်နေအောင် စီမံပြုလုပ်ထားပါတယ်။ နာမည်ကျော်ဓား အကဲဖြတ်သူ လဲ့ဇီကိုယ်တိုင် အကဲဖြတ်ပေး ခဲ့တယ်လို့ မှတ်တမ်းတင်ထားတဲ့ဓားပါ။ ရှန် ခေတ် (1600- 1100 BC)မှာ စတင်သွန်း လုပ်ခဲ့ပြီးတော့ နွေဦးနှင့်ဆောင်းဦးခေတ် (770- 476 BC)မှာ ဝေ့ပြည်က ခုန်ကျိုး ပိုင်ဆိုင်ခဲ့ပါတယ်။

၈။ ဆန်းကြယ်ခြင်းဓား (ချွမ်ကျွင်းဓား)

နွေဦးနှင့်ဆောင်းဦးခေတ် ယွီပြည်ဘုရင် ခို ကျန်း ပိုင်ဆိုင်ခဲ့တဲ့ဓားဖြစ်ပြီး တစ်ခါက ဓား အကဲဖြတ် ကျွမ်းကျင်သူ ရွယ်ကျူးကိုခေါ် ပြီး ရတနာဓားတွေကို တန်ဖိုးဖြတ်စေပါ တယ်။ ရွယ်ကျူးကတော့ ရတနာဓားပေါင်း များစွာအနက်မှ ချွမ်ကျွင်းဓားတစ်လက်ကို သာ သဘောကျခဲ့ပါတယ်။ သူက ဘုရင် ကြီးကို မြင်းတစ်ထောင်၊ ကြွယ်ဝတဲ့မြို့သုံး မြို့၊ မြို့တော်ကြီးနှစ်ခုနဲ့လဲရင်တောင် မပေး ဖို့မှာခဲ့တယ်။ လူနဲ့နတ် အတူသွန်းလုပ်ထား တဲ့ ရတနာမလို့ပါတဲ့။ ဘုရင်ကလည်း သူ အကြံပေးတဲ့အတိုင်း တန်ဖိုးထားခဲ့တယ်။ ယခုအချိန်ထိ ဒီဓားကို ဟူဘေးစီရင်စု ပြတိုက်မှာ ပြသထားဆဲဖြစ်ပါတယ်။

၇။ ရဲစွမ်းသတ္တိဓား (ယုချန်ဓား)

(The history of Assasins:the records of the grand historian)အမည်ရတဲ့ သမိုင်းမှတ်တမ်းတစ်စောင်ရဲ့ ဖော်ပြချက် အရဆိုရင် ဝူဘုရင်လျောင်ရဲ့စားဖိုမှူးဟာ ဘုရင်ကြီးစားဖွယ်တွေဆီ အာရုံရောက်နေ တုန်း ဘုရင်ကြီးစားမယ့် ငါးအကောင်လိုက် ထဲကနေ ဒီဓားကိုထုတ်ပြီး လုပ်ကြံဖို့ ကြိုးစားပါတယ်။ သက်တော်စောင့်တွေက ဝင်ကယ်ဖို့ကြိုးစားပေမဲ့ မအောင်မြင် လိုက်ပါဘူး။ ရဲစွမ်းသတ္တိရှိရှိနဲ့ ဘုရင်ကို လုပ်ကြံခဲ့သူကိုင်တဲ့ဓားသလို ယုချန်ဆိုတဲ့ နာမည်ကို ရလာတာပါ။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Onde histórias criam vida. Descubra agora