ဝတ္ထုရေးသားခြင်း ၇

38 2 1
                                    

ဝတ္ထုရေးသားခြင်းအနုပညာ
Chapter 6 - Narrator (ရှုထောင့်) နဲ့ Narrative (တင်ဆက်ပုံ)

ပထမဆုံးအနေနဲ့ Narratorကတော့ စာရေးသူက စာဖတ်သူကိုပေးချင်တဲ့ သတင်းအချက်ကိုကိုပြောပြတဲ့ ရှုထောင့်ဖြစ်ပါတယ်။ Narrator ဆိုတဲ့စကားစုက ၁၆၀၀ ခုနစ်တွေကတည်းက အစပြုခဲ့တာဖြစ်ပြီး လက်တင်စကား narrator'ကို တိုက်ရိုက်မွေးစားခဲ့တဲ့စကားလုံးပါ။ မူရင်းစကားလုံးရဲ့အဓိပ္ပါယ်ကတော့ 'အချက်အလက်ကိုပြောပြသူ၊ ဒါမှမဟုတ် ပုံပြင်တစ်ပုဒ်ကို ပြောပြသူ။'ရယ်လို့ အဓိပ္ပါယ်ထွက်ပါတယ်။

ဝတ္ထုရေးသားရာမှာတော့ Narratorဟာ စာရေးသူက ချပြတဲ့အဖြစ်အပျက်တစ်ခုကို မြင်ရဖတ်ရတဲ့ ရှုထောင့်ဖြစ်ပါတယ်။ Narrator အမျိုးအစားတွေအနေနဲ့ သုံးမျိုးရှိပါတယ်။

ကြုံရသူရှုထောင့် (First Person Narraror)

အဖြစ်အပျက်တစ်ခုကို ကိုယ်တိုင်ကြုံတွေ့ရသူတစ်ဦးက ပြန်လေပြောပြလေဟန်နဲ့ ရေးသားတဲ့ပုံစံမျိုးကို First Person Narrator လို့ခေါ်ပါတယ်။ စာဖတ်သူတွေအနေနဲ့ အဲဒီလူကိုယ်တိုင် အဖြစ်အပျက်ကို ဘယ်လိုမြင်တွေ့ကြားသိခဲ့ရတယ်ဆိုတာကို နားထောင်သူအနေနဲ့ ဖ​တ်ရမှာဖြစ်ပါတယ်။ များသောအားဖြင့် ငါ၊ ငါတို့၊ ကျွန်တော်၊ ကျွန်မ စတဲ့နာမ်စားတွေနဲ့ အစပြုရေးသားတတ်ပါတယ်။

ရသစာပေအရေးအသားတွေမှာ ကြုံရသူရှုထောင့်ဟာ ဇာတ်ကောင်ရဲ့ခံစားချက်ကို တိုက်ရိုက်ဖော်ပြနိုင်တာကြောင့် အသုံးများပါတယ်။ ရသစာပေမဟုတ်တဲ့ သုတစာပေတွေမှာလည်း အသုံးများပြီးတော့ များသောအားဖြင့် ကိုယ်တိုင်ရေးအတ္ထုပတ္တိတွေမှာ တွေ့ရများပါတယ်။ အောင်မြင်တဲ့လက်ရာတွေထဲက တချို့ကတော့ ဟယ်လင်ကဲလားရေးခဲ့တဲ့ Story of my life, J.D Salingerရဲ့ The Catcher in the Eye (ဆရာမြသန်းတင့်ရဲ့လေလွင့်သူ)၊ နာမည်ကျော် The Hunter Games ဇာတ်လမ်းတွဲရှည် စတာတွေဖြစ်ပါတယ်။

ဥပမာ - ကျွန်မလေ သိပ်ဝမ်းသာတာပဲ။ တစ်ခါမှ ဒီလောက် လမ်းအကြာကြီး မလျှောက်ဖူးဘူး။

Second Person Narrator

ဒီအမျိုးအစားကတော့ ပုံမှန်ရသစာပေတွေမှာ အတော်လည်းတွေ့ရခဲပြီး Dungeons and Dragons လိုမျိုး ကိုယ်တိုင်ပါဝင်စွန့်စားရတဲ့ စွန့်စားခန်းဇာတ်လမ်းတွေ ခေတ်စားလာချိန်မှာ အတွေ့များလာတဲ့ အမျိုးအစားဖြစ်ပါတယ်။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Tempat cerita menjadi hidup. Temukan sekarang