နိုင်ငံထောင်တမ်းကစားသူများ

7 0 0
                                    


ကြံကြံဖန်ဖန် နိုင်ငံထောင်တိုင်း ကစားကြသူများ (သို့မဟုတ်) အတုအယောင် နိုင်ငံပိစိကွေးများ

နိုင်ငံပိစိကွေးကလေးများ (micronations) ဆိုတာက နိုင်ငံတွေထဲက နိုင်ငံငယ်လေးတွေကို ဆိုလိုတာဖြစ်ပြီး များသောအားဖြင့် ဘယ်နိုင်ငံကမှ သူတို့တည်ရှိမှုကို အသိအမှတ်ပြုမထားပါဘူး။ သူတို့ဘာသာ သီးခြားလွတ်လပ်တဲ့နိုင်ငံတွေအဖြစ် ကြေညာထားရုံသာဖြစ်ပြီး တစ်ခါတရံမှာတော့ အသိအမှတ်ပြုခြင်းမခံရတဲ့နိုင်ငံတွေ၊ အသေးစားနိုင်ငံတွေနဲ့ မှားယွင်းမှတ်ယူလေ့ရှိကြပါတယ်။

တကယ့်တကယ်တမ်းတော့ ဒီနိုင်ငံတွေထဲက ဘယ်နိုင်ငံမှ နိုင်ငံဖြစ်လောက်တဲ့ အင်အားနဲ့တည်ဆောက်ပုံမျိုး ရှိမနေပါဘူး။ ဒီတော့ ဒီဆောင်းပါးကို အပျော်ဗဟုသုတရရုံလောက်ပဲ သဘောထားပြီး ဖတ်ကြဖို့တိုက်တွန်းပါတယ်။

ဒီနေ့မှာတော့ ဒီလိုနိုင်ငံတုတွေထဲက အတော်အတန်ကျော်ကြားတဲ့ နိုင်ငံလေးခုအကြောင်း မိတ်ဆက်ပေးပါမယ်။

Pricipality of Sealand

ဒီနိုင်ငံတော့ မသိသူမရှိသလောက်ရှားမယ်ထင်ပါတယ်။ အင်္ဂလန်ရေလက်ကြားအတွင်းက ဒုတိယကမ္ဘာစစ်ကျန် ၁၂ ကီလိုမီတာရှည်တဲ့ ရေကြောင်းခံတပ်တစ်ခုကို သိမ်းပိုက်ထားတဲ့ လူတစ်စုထောင်ခဲ့တာပါ။ ဗြိတိသျှရေဒီယို ရုပ်သံထုတ်လွှင့်သူဟောင်းတစ်ဦးဖြစ်တဲ့ Patrick Roy Batesဟာ ဒီနေရာလေးကို ၁၉၆၅ ခုနစ်မှာသိမ်းပိုက်ပြီး တရားမဝင်ရေဒီယိုလိုင်းတစ်ခုကို ၂၄နာရီမပြတ် ထုတ်လွှင့်ပေးခဲ့သူပါ။ သူဟာ ဒုတိယကမ္ဘာစစ်တုန်းက မေဂျာရာထူးနဲ့ဗြိတိန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

၁၉၆၆မှာတော့ Britian's Better Music Station ဆိုပြီးနာမည်ပြောင်းခဲ့ပေမဲ့ ၁၉၄၉ ရေဒီအက်ဥပဒေအရ ဒေါ်လာတစ်ရာဒဏ်ကြေးတပ်ခံရပြီး ဒဏ်ကြေးဆောင်ဖို့ ပိုက်ဆံမရှိတာကြောင့် ထုတ်လွှင့်မှု ရပ်နားခဲ့ရပါတယ်။ ရက်ပေါင်းနှစ်ဆယ်နီးပါးအကြာမှာပဲ ဒီလူဟာ အဲဒီရေနံစင်အရွယ်ခံတပ်လေးကို အမှီပြုပြီး Principality of sealandအဖြစ် လွတ်လပ်ရေးကြေညာခဲ့ပါတယ်။ယ
အလားတူတရားမဝင် ရေဒီယိုစင်တာတစ်ခုကလည်း သူတို့နေရာကိုသိမ်းဖို့လုပ်သေးပေမဲ့ Bates နဲ့သူ့အဖွဲ့က လက်နက်တွေကိုသုံးပြီး ပြန်ခုခံနိုင်ခဲ့ပါတယ်။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Hikayelerin yaşadığı yer. Şimdi keşfedin