အယ်ကိုဟောသမိုင်း

4 0 0
                                    

အယ်ကိုဟောပုံပြင်ငယ်
အပိုင်းတစ် - ရှေးခေတ်ဟောင်းကမ္ဘာ

တကယ်​တော့ အယ်ကိုဟောဟာ ကျွန်တော်တို့လူသားသမိုင်းမှာ လွှမ်းမိုးမှုအကြီးဆုံးသောအရာတစ်ခုဆိုရင်လည်း မှားမယ်မထင်ပါဘူး။ အကြောင်းကတော့ ယဥ်ကျေးမှုတိုင်းမှာ အယ်ကိုဟောဟာ တစ်ထောင့်​တစ်နေရာကနေ ပါဝင်နေကြမလို့ပါပဲ။

အစောဆုံးအယ်ကိုဟောတွေကို လူသားတွေက BC 7000နဲ့ 8000ထောင်ကြား တရုတ်နဲ့အီဂျစ်ဒေသတွေမှာ ဖော်စပ်ခဲ့တာဖြစ်ပြီးတော့ ယခင်ဆောင်းပါးပါ သောက်စရာတွေနဲ့ယှဥ်ရင် သက်တမ်းအရင့်ဆုံးဖြစ်ပါတယ်။

ဆူမားရီးယန်း

BC သုံးထောင်ကနေ နှစ်ထောင်ကြားမှာ မက်ဆိုပိုတေးမီးယားဒေသက ဆူမားရီးယန်းတွေဟာ ဘီယာကို စတင်ချက်လုပ်နေကြပြီဖြစ်ပါတယ်။ ဆူမားရီးယန်းတွေဟာ ကျူတံကိုပိုက်အဖြစ်သုံးပြီး ဘီယာသောက်ကြပါတယ်။ စစ်မထားတဲ့ဘီယာတွေမှာ ဂျုံဖက်​ဂျုံစေ့တွေ ပါဝင်လေ့ရှိတာကြောင့်ပါ။

ဆူမားရီးယန်းတွေဟာ သေရည်အရက်နဲ့ပတ်သက်ပြီး ဥပဒေတင်းကျပ်လေ့ရှိကြပေမဲ့ နတ်ဘုရားတွေကို ပူဇော်ပသတဲ့အခါမျိုးနဲ့ယဇ်ပူဇော်တဲ့အခါမျိုးမှာ အရက်က မဖြစ်မနေပါဝင်ရပါတယ်။ လူရိုင်းတစ်ယောက်ဖြစ်တဲ့ သူရဲကောင်း Gilameshတောင် ဘီယာခုနစ်ခွက်သောက်ပြီး လူယဥ်ကျေးဖြစ်လာတယ်ဆိုတဲ့ ပုံပြင်တွေတောင်ရှိခဲ့ပါသေးတယ်။

အီဂျစ်

အီဂျစ်မှာတော့ ပေါင်မုန့်နဲ့ဘီယာဟာ နေ့စဥ်စားသုံးနေတဲ့ အခြေခံစားသောက်ကုန်တွေထဲက တစ်ခုပါ။ နတ်ဘုရားတွေပေးသနားတဲ့ သောက်စရာအဖြစ် ဘီယာကိုယူဆကြပြီး ဂျုံ၊ မုယောစပါးနဲ့တဆေးတို့ကို အဓိကသုံးပြီး ဘီယာချက်ပါတယ်။

အီဂျစ်အများစုက ဘီယာသောက်ခြင်းကိုအလေ့အထကောင်းတစ်ရပ်အဖြစ် မြင်ခဲ့ကြသလို အာဟာရအကျိုးကျေးဇူးတွေခံစားရတယ်လို့လည်း ထင်မြင်ကြပါတယ်။ ရှေးအီဂျစ်ဆေးကျမ်းတွေအရ ဘီယာဟာ ရောဂါမျိုးစုံကို ကုသပေးနိုင်သတဲ့။ ဂီဇာပိရိပစ်ကြီးကိုဆောက်တုန်းက အလုပ်သမားတွေကို အဖိုးအခအဖြစ် နေ့စဥ် ဘီယာသုံး​ခွက်ရာရှင်ခွဲပေးလေ့ရှိပါတယ်။ အီဂျစ်တွေဟာ ပွဲတော်တွေမှာဘီယာသောက်လေ့ရှိကြပြီး Tekhပွဲတော်ဟာ အရက်သမားတို့ရဲ့ပွဲတော်ဖြစ်ပါတယ်။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Onde histórias criam vida. Descubra agora