Isekai လမ်းညွန်

9 1 0
                                    

Isekai သွားဖို့ အလွယ်ကူဆုံးနည်းလမ်း
၁၀ ခု။

လွယ်လွယ်လေးပါနော်။ ကျွန်တော်တို့Pageရဲ့
လာဘ်ကောင် အစ်မကြီးကျဲကျဲဆီကနေ မေး
မြန်းစုံစမ်းပြီး ရထားသမျှ နည်းလမ်းတွေပါ။
လွယ်လွန်းလို့ ၁၅စက္ကန့်အတွင်း isekaiရောက်
သွားမှာပါ။

၁။ MMORPG ဂိမ်းကစားပါ။

ဟုတ်ပါတယ်၊ Torem onlineတို့ Dragon rajaတို့၊ Skyrimတို့ပေါ့ဗျာ။ ဂိမ်းက ပိတ်ခါနီး
ဖြစ်နေရင် အကောင်းဆုံးပါပဲ။ Overlordတို့၊
A wild Last Bossတို့ထဲကလိုမျိုး ဆာဗာပိတ်
ချိန်မှာ ကံစမ်းမဲပေါက်ပြီး isekaiသွားနိုင်ပါတယ်။

ထူးရှယ်jackpotပေါက်ပြီး Special Update
ဆိုပြီး ဂိမ်းဆော့နေတဲ့လူတွေအကုန်လုံးကို isekaiပို့ပေးမယ့် နတ်ဘုရားမလေးတစ်ယောက်လည်း ပေါ်ကောင်းပေါ်လာနိုင်ပါတယ်။

Main point- ဆာဗာပိတ်ခါနီးဂိမ်းတစ်ခုခုကို
ဆာဗာပိတ်ခါနီးအချိန်မှာဆော့ပါ။

၂။ စာအုပ်ဖတ်ပါ။

စာအုပ်ဖတ်တဲ့စာဂျပိုးတွေအတွက်တော့ သတင်းကောင်းပေါ့ဗျာ။ ဒိုင်းကောင်လို့သိတဲ့
Naofumiလည်း ဟောင်းနွမ်းနေတဲ့ LNစာအုပ်
ဖတ်ရင်း ရောက်သွားတာပါပဲ။ Fushigi Yuugi
ဆိုတဲ့ ၉၀ ခုနှစ်က Animeအဟောင်းထဲမှာလည်း ဒီလိုပဲ စာကြည့်တိုက်ကနေ စာအုပ်ငှား
ဖ​တ်ပြီး ရောက်သွားတာပါ။

Main point - စာကြည့်တိုက်ထဲက စာအုပ်
ဟောင်းတစ်အုပ်ကို ယူဖတ်ကြည့်ပါ။

၃။ တခြားကမ္ဘာသွားဖို့ တံခါးပေါက်တစ်ခုရှာပါ။

ဟုတ်ပါတယ်၊ ကမ္ဘာကူးတံခါးပေါက်တွေက
ပုံစံအမျိုးမျိုးနဲ့ဖြစ်နေနိုင်ပါတယ်၊ ရေတွင်း၊
ကားလမ်းပေါ်ကရေအိုင်လေး၊ ဓာတ်လှေကား၊
နောက်ဆုံး ဖိနပ်အစုတ်ကတောင် ပေါ့ကီးဖြစ်
နေနိုင်ပါတယ်။ တစ်ခါဆို Disneylandက ဓာတ်ပုံရိုက်တဲ့အခန်းလေးကနေ ရောက်သွားတာပါ။ ဒီတော့ ကံကောင်းဖို့လိုသွားပါပြီ။

အဓိကအားဖြင့်တော့ လူသူရှင်းတဲ့ ဘုရားကျောင်းပျက်လိုနေတာတွေ၊ လူမနေတော့တဲ့
တိုက်ခန်းတွေမှာရှိတဲ့ ပစ္စည်းတွေပါ။ Other
side picnicထဲကလို သောက်ကျိုးနည်းထူး
ဆန်းတဲ့ဒိုင်မေးရှင်းရောက်သွားရင်တော့ တာဝန်မယူပါဘူး။ Inuyasha ကမ္ဘာဆိုလည်း
သာမန်လူတစ်ယောက်အတွက် အန္တရာယ်များ
တာပါပဲ။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Onde histórias criam vida. Descubra agora