၁၃.၃

21 1 0
                                    

ဝတ္ထုရေးသားခြင်းအနုပညာ
Chapter 13.3 - Genre များနှင့် Sub-genreများ

ဒီဆောင်းပါးမှာတော့ မျိုးရင်းကြီးတွေနဲ့မျိုးငယ်တွေထဲက Romance နဲ့ Scificကို ရှင်းပြမှာဖြစ်ပါတယ်။အစကတော့ ကျန်နေတဲ့မျိုးရင်းမှန်သမျှကို တစ်ပုဒ်တည်းအပြီးရှင်းချင်ပေမဲ့ Sci-ficဟာ မျိုးငယ်များတဲ့အတွက် နောက်တစ်ပိုင်းမှပဲ အပြီးရှင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Romance

အချစ်ဝတ္ထုတွေရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ အတော်လေးရိုးရှင်းပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ကြားက သံယောဇဥ်နဲ့တွယ်ငြိမှုကို ရေးဖွဲ့တာပါ။ ဒီတော့မျိုးငယ်တွေကို စတင်ရှင်းလင်းပါမယ်။

သူဌေးသူကြွယ်ဇာတ် - ကောင်လေးနဲ့ကောင်မလေးက ချမ်းသာတာမျိုး၊ ဒါမှမဟုတ် သူတို့မိဘတွေက ချမ်းသာပြီး တစ်မိသားစုနဲ့တစ်မိသားစု မတည့်တာမျိုး၊ ဒါမှမဟုတ် ချမ်းသာတဲ့ကောင်လေးနဲ့ ဆင်းရဲတဲ့ကောင်မလေး စတာတွေလို ဇာတ်လမ်းမျိုးဖြစ်ပါတယ်။

ဟာသ - အချစ်ဟာသဇာတ်မြူးပေါ့။

ခေတ်ပြိုင်အချစ်ဇာတ်လမ်း - စာရေးသူက ဝတ္ထုစရေးတဲ့ခေတ်ကာလမှာပဲ ဇာတ်အိမ်တည်ထားတဲ့ ဝတ္ထုမျိုးဖြစ်ပါတယ်။ ဥပမာအနေနဲ့ ၂၀၀၀ ခုနစ်တုန်းက ရေးထားတဲ့ဝတ္ထုက ၂၀၀၀ ခုနစ်မှာပဲ ဇာတ်အိမ်တည်ထားတာမျိုးပေါ့။

သမိုင်းနောက်ခံအချစ်ဇာတ်လမ်း - အတိတ်က သမိုင်းအဖြစ်အပျက်တစ်ခုခုမှာ အခြေတည်ထားတဲ့ အချစ်ဝတ္ထုမျိုးဖြစ်ပါတယ်။

သဘာဝလွန်အချစ်ဇာတ်လမ်း - သမန်းဝံပုလွေတွေ သွေးစုပ်ဖုတ်ကောင်တွေပါတဲ့ အချစ်ဝတ္ထုအမျိုးအစား။

စိတ်ကူးယဥ်အချစ်ဇာတ်လမ်း - စိတ်ကူးယဥ်ကမ္ဘာကြီးတစ်ခုမှာ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းမျိုး။

သိပ္ပံစိတ်ကူးယဥ်အချစ်ဇာတ်လမ်း - အနာဂတ်ကာလမှာဖြစ်ဖြစ် အာကာသထဲမှာဖြစ်ဖြစ် ဇာတ်အိမ်တည်တဲ့ ဇာတ်လမ်းမျိုးပါ။ တစ်ခါတရံမှာတော့ စက်ရုပ်မလေးနဲ့ ချစ်ကြိုက်မိသွားတာလိုမျိုး ဇာတ်အိမ်ဆန်းဆန်းလေးတွေလည်း ရှိတတ်ပါတယ်။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Where stories live. Discover now