ဝတ္ထုရေးသားခြင်း ၅

49 1 1
                                    

ဝတ္ထုရေးသားခြင်းအနုပညာ
အခန်း ၅ - စိတ်ကူးယဥ်ကမ္ဘာများ တည်ဆောက်ခြင်း

ယခုအခန်းမှာတော့ စိတ်ကူးယဥ်ဝတ္ထုတွေ ရေးသားရာမှာ အလွန်ကိုအရေးပါတဲ့ စိတ်ကူးယဥ်ကမ္ဘာတွေကို တည်ဆောက်ရာမှာ ပြုလုပ်ရမယ့် နည်းလမ်းအဆင့်ဆင့်ကို စနစ်တကျဖော်ပြပေးသွားပါမယ်။ နည်းလမ်းသီအိုရီအပြင် လူတိုင်းရင်းနှီးကြတဲ့ စိတ်ကူးယဥ်ဝတ္ထုကြီးတွေနဲ့ပါ ဥပမာပေးထားမှာဖြစ်တဲ့အတွက် လက်တွေ့ကျင့်သုံးကြပုံကိုပါ လေ့လာနိုင်မှာဖြစ်ပါတယ်။

အဓိပ္ပါယ်ဖွင့်ဆိုပုံ

စိတ်ကူးယဥ်ကမ္ဘာတည်ဆောက်ခြင်းဟာ စာဖတ်သူတွေအတွက် လုံးဝအသစ်အဆန်းဖြစ်စေမယ့် တစ်မူထူးခြားတဲ့ နေရာတစ်ခု၊ လောကတစ်ခုကို တည်ဆောက်ခြင်းပဲ ဖြစ်ပါတယ်။ စာရေးသူဟာ ထူးဆန်းတဲ့ သက်ရှိမျိုးနွယ်တွေ၊ လူ့အသိုက်အဝန်းတွေ၊ ကိုးကွယ်ယုံကြည်မှုတွေနဲ့ အစိုးရတွေကိုပါ ဖန်တီးကောင်းဖန်တီးရနိုင်ပါတယ်။

စာဖတ်သူအပေါ် ကောင်းမွန်ပြီး အချိတ်အဆက်မိတဲ့ ဝတ္ထုဇာတ်အိမ်တည်ရာနေရာကို ဖော်ပြနိုင်မယ်ဆိုရင် စာဖတ်သူဟာ ကိုယ်ရေးထားသားတဲ့ ဝတ္ထုကို အပြည့်အဝ နှစ်ခြိုက်စွာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

တိကျသေသပ်တဲ့ စိတ်ကူးယဥ်ကမ္ဘာတစ်ခုကို ဖန်တီးခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ဝတ္ထုဟာ တခြားသူတွေနဲ့မတူဘဲ တစ်မူထူးခြားနေမှာ အသေအချာပါပဲ။ ကိုယ်ဖန်တီးလိုက်တဲ့ ကမ္ဘာ့အခြေအနေဟာ ကိုယ့်ဝတ္ထုရဲ့ဇာတ်ကောင်တွေနဲ့ ဇာတ်ကြောင်းတစ်ခုလုံးအပေါ်မှာပါ သက်ရောက်နေမှာဖြစ်လို့ ကမ္ဘာတစ်ခုဖန်တီးခြင်းဟာ စိတ်ကူးယဥ်စာရေးသူတိုင်း သတိပြုရမယ့်အဆင့်လည်း ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ စိတ်ကူးယဥ်ကမ္ဘာတည်ဆောက်မှုနဲ့အတူ ကမ္ဘာကျော်ခဲ့တဲ့ သူတွေအများကြီးရှိခဲ့ပါတယ်။ နမူနာတချို့ကို ဖော်ပြရမယ်ဆိုရင်

- Game of Throne ကိုရေးသားခဲ့တဲ့ George R.R. Martin
- Harry Potterနဲ့ Wizarding Worldရဲ့ဖန်တီးရှင် JK.Rowling
- Star Wars ရုပ်ရှင်တွေရဲ့ဖန်တီးရှင် George Lucas တို့ပါ။

ဒီတော့ ဘယ်လိုဖန်တီးကျမလဲ။ ကမ္ဘာတွေဖန်တီးခြင်းဟာ စာရေးသူတွေရဲ့စိတ်ကူးအပေါ်မှာပဲ မူတည်တာဖြစ်လို့ တိကျတဲ့သတ်မှတ်ချက်တွေတော့မရှိပေမဲ့ အများစုလက်ခံထားတဲ့ အချက်ကတော့ ရှစ်ချက်ရှိပါတယ်။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Nơi câu chuyện tồn tại. Hãy khám phá bây giờ