ကွေကာအုပ်

33 0 0
                                    

Oatmealနှင့် ကွေကာအုပ်အကြောင်း တစေ့တစောင်း
#EconomicHistory

ကျွန်တော်တို့ နာလန်ထလူနာစာအဖြစ် စားသုံးကြတဲ့ ကွေကာအုပ်ဟာ Oat လို့ခေါ်တဲ့ ဂျုံရိုင်းပင်ကနေ ရတဲ့ စားစရာတစ်မျိုးပါ။ Oatmeal လို့ခေါ်တဲ့ယာဂုဟာ အာရှဖက်မှာတော့ အဓိကစားသုံးတဲ့အရာမဟုတ်ပေမဲ့ ဥရောပ၊ ရုရှားနဲ့ မြောက်အမေရိကမှာတော့ အဓိကစားစရာအဖြစ် စားသုံးကြပါတယ်။

ရုရှားတစ်နိုင်ငံတည်းကတင် နှစ်စဉ် Oatmeal (ယာဂု) မက်ထရစ်တန်ထောင်ပေါင်း ၆၀၀၀ စားသုံးနေတာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ပြောပြချင်တာက Oat ပင်တွေကို Avena Sativa လို့ခေါ်ပြီး အဓိကနှံစားသီးနှံပင်တွေထဲက တစ်မျိုးဖြစ်ပါတယ်။ ဥရောပနဲ့အနောက်နိုင်ငံတွေမှာ မနက်စာအနေနဲ့ အဓိကစားသုံးကြတာဖြစ်ပြီး အာရှနိုင်ငံတွေမှာတော့ အများဖြင့် ကွေကာအုပ်ကိုသာ ဓာတ်စာအဖြစ် စားသုံးကြတာတွေ့ရမှာပါ။ အမှန်တကယ်လည်း ကျန်းမာရေးအကျိုးကျေးဇူးတွေရှိပြီး အဓိကအားဖြင့် နှလုံးကိုကျန်းမာစေပါတယ်။

ရှေးခေတ်ကမ္ဘာမှ Oat ပင်များ

ဒါပေမဲ့ Oatပင်တွေဟာ ရှေးခေတ်ကမ္ဘာမှာတော့ သိပ်ပြီးတန်ဖိုးထားမခံခဲ့ရဘူးလို့ ဆိုရမှာပါ။

BC 2000 ဝန်းကျင်လောက်ကတည်းက အီဂျစ်တွေဟာ ဒီသီးနှံပင်တွေကို သိရှိနေကြပြီးဖြစ်ပါတယ်။ ခေတ်အားဖြင့်တော့ ၁၂ ဆက်မြောက်မင်းဆက်ခေတ်မှာကတည်းက မှတ်တမ်းတွေတွေ့နေရပြီဖြစ်သလို တရုတ်လူမျိုးတွေအတွက်လည်း မစိမ်းလှတဲ့ သီးနှံပင်တစ်ခုပါ။ ဒါပေမဲ့ အီဂျစ်သားတွေဟာ ဂျုံတွေလိုမျိုး Oatပင်တွေကို တန်ဖိုးမထားခဲ့ဘဲ အမှန်တကယ်တမ်း မစိုက်ပျိုးခဲ့ကြပါဘူး။ ဒီအတိုင်း ဂျုံရိုင်းတွေ၊ ပေါင်းပင်တွေထက် နည်းနည်းလေးပဲ သာတဲ့အပင်တွေအဖြစ် ယူဆခဲ့တာပါ။ အများအားဖြင့်တော့ တိရိစ္ဆာန်တွေကိုကျွေးဖို့ပဲ သုံးခဲ့ပါတယ်။

တစ်ဖက်မှာတော့ ဂရိတွေက ဒီOatတွေကို အမှန်တကယ်စိုက်ပျိုးစားသုံးခဲ့တဲ့ ပထမဆုံးလူတွေဖြစ်ပြီး ရောမတွေကတော့ ဒီအစားအစာကို အမြင်ကြည်ပုံမရပါဘူး။

ရောမတွေက oatစားတဲ့သူတွေကို 'ဂျုံရိုင်းစားတဲ့ လူရိုင်းတွေ'လို့တောင် နောက်ပြောင်ခေါ်ကြပါတယ်။ ဒါပေမဲ့ တကယ့်တကယ်တမ်းမှာတော့ ရောမတပ်တွေဟာ စစ်တိုက်တိုင်း ဂျုံရိုင်းတွေကနေဖြစ်လာတဲ့ ယာဂုတွေကိုပဲစားပြီး ရှင်သန်ဖို့ကြိုးစားခဲ့ရတဲ့ သာဓကတွေ အများကြီးရှိပါတယ်။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Donde viven las historias. Descúbrelo ahora