Isekai လမ်းညွန် ၂

7 1 0
                                    

Isekaiမှာ အသက်ရှင်အောင်နေနည်း

ဟုတ်ကဲ့၊ ဒီတစ်ခေါက်မှာတော့ အစ်မကြီးကျဲကျဲကို မနည်းတောင်းပန်ပြီမေးထားရ
တာပါ။ သိတဲ့အတိုင်း သူ့အဆင်လေးကိုပဲ
အချိန်ပေးနေတာဆိုတော့ သတင်းနှိုက်ဖို့တော်
တော်ခက်ပါတယ်။

အရင်တစ်ခေါက်ကတော့ သွားဖို့ဖြစ်နိုင်တဲ့
နည်းလမ်းအများအပြားကို ပြောပြခဲ့ပြီးပါပြီ။
ဒီတစ်ခေါက်ကတော့ အသက်ရှင်အောင်နေဖို့
နည်းလမ်းပါ။ ဘယ်သူမဆို ကိုယ်နဲ့မရင်းနှီးတဲ့
နေရာရောက်ရင် အသက်ရှင်ဖို့ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။ မမကျဲကျဲရဲ့အဆို
အရ Isekaiရောက်သွားသူ ၁၀ယောက်မှာ ၁၁
ယောက်က အသက်မရှင်နိုင်ခဲ့ကြပါဘူး။ ကျွန်
တော်တို့ဒီကမ္ဘာမှာပြနေတဲ့ Op isekai anime
တိုင်းက နောက်လူတွေisekaiချင်လာအောင်
ဆွဲဆောင်ဖို့ တမင်ကံကောင်းပြီးအသက်ရှင်ခဲ့
တဲ့သူတွေကိုပဲ ပြသထားတာပါ။ ဟုတ်ကဲ့၊ လမ်းညွန်ချက်တွေအနေနဲ့ကတော့။

၁။ ခေါင်းအေးအေးထားပါ။

ကြောက်တတ်ရင် နှစ်ခါသေပါတယ်။
မိစ္ဆာဂူကြီးထဲရောက်နေရင်တောင် ကြောက်လန့်
ပြီးထွက်မပြေးပါနဲ့။ အခြေအနေကို သေချာနား
လည်အောင်လုပ်ရပါမယ်။

က။ ဘာကြောင့် သင်isekai ခိုင်းရတာလဲ။

အပိုင်းတစ်မှာဖော်ပြခဲ့သလိုပဲ ဆင့်ခေါ်ခံရတာ
လား၊ gateထဲဝင်မိတာလား၊ နတ်ဘုရားမလေး
သနားပြီးပို့ပေးတာခံရတာလား၊ သေခြင်းဆိုးနဲ့
သသှေားသလားစဥွးစားပါ။

တစ်ခါတရံမှာ တိုက်ရိုက်အပို့ခံရတာမဟုတ်ဘဲ နောက်ဘဝအနေနဲ့ ပြန်လည်ဝင်စားလာတာ
မျိုးဖြစ်နိုင်ပါတယ်။ Rudyနဲ့ဟိုပညာရှိရဲ့မြေးလို လူသားအနေနဲ့ပြန်မွေးဖွားလာတာမျိုးဖြစ်နိုင်သလို မွန်းစတား၊ ဒါမှမဟုတ် မျိုးနွယ်ခြား
တစ်ယောက်အဖြစ်နဲ့လည်း မွေးဖွားနိုင်ပါတယ်။

ရင်းနှီးစွာအကြံပေးချက်- ကျေးဇူးပြုပြီး သင့်
လိင်အမျိုးအစားကိုပါ စစ်ဆေးကြည့်ပေးစေချင်ပါတယ်။ ပြန်ဝင်စားလာရင် လိင်မရှိတဲ့မျိုး
နွယ်ဝင်ဖြစ်နေနိုင်သလို ကျားကနေမ၊ မကနေ
ကျား ဖြစ်နေနိုင်ပါတယ်။ အပို့ခံရရင်လည်းအ
လားတူပါပဲ။ နတ်ဘုရားတွေက ကျီစားတတ်ပါတယ်။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Where stories live. Discover now