အချပ်ပို (၅၇)

374 35 21
                                    

ခွန်းဒါရီ ပြန်သက်သာပြီး ဆေးရုံက ဆင်းသည်မှာ သုံးပတ်နီးပါး ကြာပြီဖြစ်သည်။ တစ်နည်း ဈာန်ဘုန်းနိုင် ရဲဘော်တို့နှင့် သွားအိပ်ရသည်မှာ နှစ်ပတ်ကျော်လောက် ရှိပြီ။ တကယ်၊ ခွန်းဒါရီ၏ အတိတ်မေ့နည်းက ထူးဆန်းသည်။ ဈာန်ဘုန်းနိုင်ကလွှဲပြီး ကျန်တာကို အကုန် မှတ်မိ၏။

ဆေးရုံမှ ပြန်လာသော ပထမဆုံးရက်။

"မောင်ကြီး ဒီမှာ ကိုယ်တို့အတူ နေခဲ့တဲ့ စခန်း၊ ကိုယ်တို့ရဲ့ ပုံတွေ"

နံရံပေါ်က ချိတ်ထားသည့် စုံတွဲ ပုံဖြစ်စေ၊ အယ်လ်ဘမ်ထဲက ဖြစ်စေ၊ ဖုန်းထဲက ဖြစ်စေ ဈာန်ဘုန်းနိုင် အကုန် ပြပေမဲ့ ခွန်းဒါရီသည် တစ်ချက်သာ ကြည့်ကာ ခေါင်းကိုက်သည်ဟု ဆိုသည်။

"ကျုပ် ဘာမှ မမှတ်မိဘူး၊ ခင်ဗျား ကျုပ် ရာထူးကြောင့် ကပ်ချင်လို့ ပုံတွေကို ဖန်တီးပြီး လုပ်တာလဲ ဖြစ်နိုင်တာပဲ"

ဈာန်ဘုန်းနိုင် ရင်နာပေမဲ့ လက်မလျှော့နိုင်သေး။ သူ့နှလုံးသားကို နားစွင့်ကြည့်၏။ ရင်ခုန်နှုန်းသည် မြန်ဆန်နေသည်။ ခွန်းဒါရီ ကိုယ့်ကို ချစ်နေတုန်းပဲ။

မျှော်လင့်ချက် ရလာသည့် မျက်နှာနှင့် ဈာန်ဘုန်းနိုင် မော့ကြည့်လာပြီး-

"မောင်ကြီး ငြင်းနေပေမဲ့ ရင်ခုန်သံက မညာဘူးပဲ၊ ကိုယ်နဲ့ နီးနေလို့ မောင်ကြီး နှလုံးခုန် မြန်နေတာ၊ ကိုယ်လည်း ထပ်တူပဲ၊ မောင်ကြီး စမ်းကြည့်"

ခန္ဓာကိုယ်ကြီး အကြမ်းပတမ်း တွန်းထုတ်ခြင်း ခံရသည်။ လက်ကို နောက်ပြန်ထောက်ပြီး ထိုသူကို မယုံကြည်နိုင်စွာ မော့ကြည့်မိသည်။

"မောင်ကြီး!"

"ခင်ဗျား သိပ်မျက်နှာပြောင်တာပဲ ရဲဘော်! ကျုပ် ခင်ဗျားကို မမှတ်မိဘူးလို့ အတန်အတန် ပြောနေတဲ့ ကြားက စိတ်ရှုပ်အောင် လာလုပ်တယ်၊ ကျုပ် လက်မှာ သွေးမစွန်းစေချင်ရင် ခင်ဗျား အခုချက်ချင်း ထွက်သွား!"

ဒေါသကြီးစွာ နှင်ထုတ်သော ခွန်းဒါရီ။ မျက်နှာပြင် တင်းနေပုံအရ ဟန်ဆောင်ပုံ မဟုတ်တန်ရာ။ ခွန်းဒါရီ ရက်စက်သည်ဟုသာ ရေရွတ်မိပြီး အောက်နှုတ်ခမ်းကို တင်းတင်း ဖိကိုက်ရင်း ဈာန်ဘုန်းနိုင်သည် မျက်ရည်ကို ထိန်းချုပ်သည်။ ထို့နောက် ကြိုးစားထ၊ မော်ချီပြီး သက်ပြင်း အရှည်ကြီးကို ရှိုက်သွင်းကာ-

ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)Where stories live. Discover now