အချပ်ပို (၉၂)

169 19 6
                                    

တခူးခူးနှင့် အိပ်ပျော်နေပြီဖြစ်သော နောင်ကြီးအား ကျုပ် ငေးကြည့်ရင်း သက်ပြင်းပူ ချရသည်မှာအခါခါ။ သည်လူသားက ကျုပ်ကြောင့် ငိုရလွန်းလို့ မျက်လုံးပင် ဖူးယောင်နေပြီ။ သူ့ခမျာ အရမ်းစိတ်ပူရှာမှာ။ သူစိတ်သက်သာရာရဖို့ ဘယ်လိုလုပ်ပေးရမလဲ။

နောင်ကြီး၏ ပါးပြင်ကို ဖွဖွလေးတို့ထိရင်း အကြံထုတ်မိ၏။ ယခုကျုပ်တို့ နှစ်ဦးစလုံးသည် စိတ်ပူပန်စရာတွေကို ထမ်းထားရသည်မှာ များလှပြီ။ လွှတ်ချသင့်ပြီ။ အချင်းချင်း ရင်ဖွင့်ရုံနှင့် မလုံလောက်တော့။ တစ်ခုခု လုပ်သင့်ပြီ။

သိရှိထားသော စိတ်ဖိစီးမှုကို ဖြေရှင်းသည့် နည်းလမ်းမျာအား စိတ်ထဲပြန်ခေါ်မိ၏။

ဆောင်းဘောက်ခ်စ်ကြီးကိုဖွင့်ပြီး မိုက်နဲ့သီချင်းအတူ အော်ဆိုကြရင် ကောင်းမလား။ မဖြစ်သေးဘူး။ ပတ်ဝန်းကျင်က ရှိသေးတယ်။ ဒါဆို တောထွက်ပြီး နောင်ကြီးနဲ့ နှစ်ယောက်တည်း စခန်းချညအိပ်ရင်ရော။ ပြီးရင် နောက်တစ်နေ့မှာ အမဲလိုက်ကြမယ်။ ကျုပ်မှာ လေးနဲ့မြှား ရှိသေးတယ်။ နောင်ကြီး မသုံးတတ်ရင် ကျုပ်က သင်ပေးမယ်။ သဘာဝစိမ့်စမ်းရေအသံ၊ ငှက်အော်သံတွေနဲ့ သာယာအေးချမ်းလှတဲ့ တောအုပ်ထဲမှာ ကျုပ် အနောက်ကနေ နောင်ကြီးရဲ့ လက်ကိုထပ်ပြီး မြှားပစ်နည်းကိုသင်။

"အဟင်း..."

စိတ်ကူးအလျောက် ပုံရိပ်က ချစ်စရာကောင်းစွာ ပေါ်လာသည်မို့ ကျုပ် အသံထွက် ရယ်မိ၏။ ထို့နောက် နောင်ကြီးနိုးလာမည်ကို စိုးရိမ်ရာ ကြည့်လိုက်တော့ ကိုယ့်နဖူးကိုသာ ပြန်ရိုက်ချမိသည်။

"နောင်ကြီးက အအိပ်မက်တာကို ကျုပ် မေ့သွားတယ်"

အသည်းယားစွာ ရေရွတ်မိကာ အိပ်မောကျနေသူ၏ နဖူးပြင်ကို မြတ်နိုးစွာ ငုံ့နမ်းမိ၏။ ထိုစဉ် တောထဲသွားမည့် အစီအစဉ် မှေးမှိန်သွားရသည်။ အကြောင်းမှာ တောသားဖြစ်သည့်ကျုပ်ကြောင့်။

ဘာလို့ တောထဲသွားဖို့ တွေးမိပါလိမ့်။ တစ်ချိန်လုံး တောထဲမှာ နေရပြီးပြီကို။ ပြီးတော့ ပတ်ဝန်းကျင်က လုံခြုံတာလဲမဟုတ်။ ဘယ်သူသိနိုင်မလဲ။ ကျုပ်တို့ ကြည်နူးနေတုန်း ရုတ်တရက် လက်နက်ကြီးက ကျလာခဲ့ရင်။ မဟုတ်ပါက၊ တောရိုင်းတိရိစ္ဆာန်တစ်ကောင် လာအန္တရာယ် ပြုခဲ့ရင်။ အာ မဖြစ်ဘူး။ အဓိကက နောင်ကြီးကို ပတ်ဝန်းကျင်အသစ်မှာ ခဏတာ အမြင်ပြောင်းစေချင်တာ။

ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)Where stories live. Discover now