အချပ်ပို (၈၉)

171 24 2
                                    

သို့/
ချစ်ရတဲ့ ကျုပ်အမျိုးသားနောင်ကြီး....

ဒီစာကို ကျုပ်အနိုင်နိုင်ရေးနေရတယ်ဆိုတာ နောင်ကြီးယုံလား။ သေနတ်ရှည်တွေ လေးတယ်လို့ ထင်ခဲ့သမျှ ဒီဖောင်တိန်ကို ဆုပ်ကိုင်မှပဲ အတွေးမှားသွားမှန်း ကျုပ် သိလိုက်ရတယ်။ စာရိုက်ပြီး ဖုန်းထဲကနေ ချန်ထားလို့ရတယ်ဆိုပေမဲ့ ကျုပ်ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ ကျုပ်လက်ရေးကို ချန်ထားခဲ့ခြင်းဖြစ်လို့ ချရေးမိတာပါ။

မနေ့ညက နောင်ကြီး ငိုထားရတဲ့အကြောင်းရင်းကို ဖုန်းကိုမြင်တော့ သိရပါတယ်။ နောင်ကြီး အရင်လိုအချိန်တွေကို ပြန်တမ်းတတယ် ဆိုကတည်းက ကျုပ်ရဲ့ လိုအပ်မှုကြောင့်ပါ။ နောင်ကြီးကို ငိုစေမိလို့ ကျုပ် တောင်းပန်တယ်နော်။ စိတ်မကောင်းဖြစ်နေဆဲမှာ နောင်ကြီးက အိပ်မက်ဆိုးပါမက်တော့ ကျုပ်ရင်လေ ဆုတ်ဖြဲတာ ခံလိုက်ရတယ် နောင်ကြီးရယ်။ ကျုပ် ရင်နာလိုက်ရတာ။ ဒီလိုအခြေအနေမှာ နောင်ကြီးကို ကျုပ်ဘယ်လို ထားရက်မှာလဲလေ။ ဒါပေမဲ့ နောင်ကြီးသိတယ်မလား။ တာဝန်ဝတ္တရားက ကျုပ်ကို ချုပ်နှောင်ထားခဲ့ပြီ။ ကျုပ်ရဲ့ စိတ်နှလုံးကိုပဲ နောင်ကြီး ဆက်ထိန်းထားပေးပါတော့။

လုံခြုံရေးအရ နောင်ကြီးကို မပြောပါရစေနဲ့။ ဒါပေမဲ့ တစ်ခု အာမခံတာက ကျုပ် နောင်ကြီးဆီကို အရောက်ပြန်လာမယ်ဆိုတာပဲ။ နောင်ကြီးဆီကို ကျုပ်အရောက် ပြန်လာခဲ့မှာ။ ခန္ဓာကိုယ်အခွံနဲ့ပဲဖြစ်ဖြစ်...

အာ အဲ့လိုရေးမိလို့ တောင်းပန်ပါတယ်။ နောင်ကြီး စိတ်ပြင်ဆင်နိုင်ဖို့ ကြိုရေးထားတာပါ။ နောင်ကြီးက ကျုပ်မရှိရင် ရင့်ကျက်ပါတယ်ကွ။ ကျုပ်ကို အားကိုးစိတ်နဲ့ ချစ်လို့သာ ဆိုးနေတာဟုတ်။ ဒါလေးကို ကျုပ်က ချစ်နေရတာ။ တကယ် ပြောမပြတတ်အောင် ချစ်တယ် နောင်ကြီးရယ်။ ဒါပေမဲ့ ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကို ရွေးချယ်ရတဲ့အခါ အချစ်ကို နောက်ပို့ထားရတယ်။

နှလုံးသားကို သိပ်ဦးစားမပေးနဲ့တဲ့။ ကျုပ်ကို ဝေဖန်လာကြတဲ့စကား။ ကျုပ်လေ နှလုံးသားကိုဦးစားပေးလို့ပဲ သွားဖို့ရွေးချယ်ခဲ့တာလို့ အားပါးတရ ဖြေပစ်ခဲ့တာ အားလုံးနင်သွားကြတယ်။ အဟား ကျုပ် တော်တယ်နော်။

ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)Where stories live. Discover now