အချပ်ပို (၅၈)

366 34 18
                                    

နောက်တစ်နေ့ သတိပြန်ရသောအခါ အဖျားတက်နေသော ဈာန်ဘုန်းနိုင်အတွက် ရဲဘော်တစ်ဦးက ဆန်ပြုတ် ယူလာပေးသည်။ ဖျားနေသဖြင့် ဈာန်ဘုန်းနိုင် အာခေါင်တွေ ခါးသက်နေကာ ဘာမျှ မစားချင်။ အရေးထဲ ထိုရက်ပိုင်း ကမ်းစပ်နှင့်နီးသော မြန်မာပြည်ဖက် မုန်တိုင်းလာမည်ဟု သတင်းရသောကြောင့် တောင်ပေါ်ဒေသတွင် မိုးတွေ အုံ့မှိုင်းနေသည်။

စိတ်အဆင်မပြေသည့်ကြားက ရာသီဥတုလည်း ပံ့ပိုးပေးသဖြင့် ဈာန်ဘုန်းနိုင် အင်အားတွေ တစ်စက်မှ မရှိတော့ပါ။ လောကကြီးက ပျင်းစရာ ကောင်းလွန်း လှပေသည်။

"ဆန်ပြုတ်လေး ထစားပါအုံး ဗိုလ်ကြီးကတော်"

မစားချင်သဖြင့် ခေါင်းခါကာ စောင်ကို ခေါင်းမြီး ခြုံလိုက်၏။

"ဝမ်း တူး သရီး!"

ရဲဘော်နှစ်ဦးသည် တိုင်ပင်ခေါ်ကာ ဈာန်ဘုန်းနိုင်ကို ဆွဲထူကြသည်။ မတတ်သာဘဲ ထလိုက်ရသည်။ ကျန်ရဲဘော်တစ်ဦးက ဆန်ပြုတ်ပူကို တဖူးဖူး မှုတ်ကာ ဈာန်ဘုန်းနိုင်အား တိုက်ကျွေးကြ၏။ ဈာန်ဘုန်းနိုင် လုပ်ရမည်က ပါးစပ်ဟရုံပင်။

"ဗိုလ်ကြီးကတော် သေချာ စားသားပဲ၊ တော်တယ်နော်၊ နောက်တစ်ဇွန်း အာ"

ကျန်ရဲဘော်များက ဝိုင်းပြောပေးကြသည်။ သည်ကနေ့ ရှေ့တန်းမရှိသောကြောင့် ရဲဘော်တို့ လူစုံနေကြခြင်း။ နွေးထွေးသော ရဲဘော်တို့ကို ကြည့်ရင်း ဈာန်ဘုန်းနိုင် မျက်ရည် လည်မိလာရ၏။ စိတ်ခံစားလွယ်သော အချိန်လည်း ဖြစ်မည်။ ခွန်းဒါရီ လာမကြည့်လို့ စိတ်မကောင်း ဖြစ်နေပေမဲ့ ရဲဘော်တို့ကြောင့် ကိုယ့်ကို ဂရုစိုက်ပေးမည့်သူ ရှိသေးပါလားဟု အတွေးက ဝင်လာသည်။ 

"ဗိုလ်ကြီးကတော် ဝမ်းမနည်းပါနဲ့ဗျာ၊ ဗိုလ်ကြီးက မေ့နေပေမဲ့ ဗိုလ်ကြီးကတော်ကို ဂရုစိုက်ပေးမဲ့ ကျွန်တော်တို့ ရှိသေးပါတယ်၊ ဝမ်းမနည်းနဲ့နော်"

ချော့သောကလေး ပိုငိုသလို ရဲဘော်တို့ ပိုချော့လေ ဈာန်ဘုန်းနိုင်မှာ အီးခနဲ ငိုချမိလေ။ ရဲဘော်တို့က တစ်သျှူးကို ပေးလာကြသည်။ ဈာန်ဘုန်းနိုင်ယူကာ နှာကို ရွှတ်ခနဲ ညှစ်ပစ်၏။

ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)Where stories live. Discover now