အချပ်ပို (၇၇)

204 26 4
                                    

နယ်စပ် တစ်နေရာတွင် ဖြစ်သည်။ အဖွဲ့အစည်း တစ်ခု၏ ဂိတ်စခန်းတစ်ခုတွင် လူတွေ စုအုံနေကြ၏။ အထူးသဖြင့် သူတို့စခန်းရှိ ကိုယ်ပိုင် ထိန်းသိမ်း‌ရေး စခန်းမှာပင်။ ထိန်းသိမ်းရေး စခန်းတွင် လူငယ်ခြောက်ဦး ထိန်းသိမ်းခံရလေသည်။ ထိုလူငယ် ခြောက်ဦးကား တစ်ပါးနိုင်ငံသားသို့ အလုပ် သွားလုပ်ရန် ပြင်ဆင်နေကြသည့် သူတွေပင်။

သူတို့၏ မိဘများက နိုင်ငံခြားထွက်ရမည့်အရေး ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာတွေကို ရောင်းချကာ သူတို့ ယုံကြည်သည့် အေးဂျင့်ဆီ လွှဲပေးကြသည်။ ဤသည်တောင်မှ အေးဂျင့်ဆီက အလိမ်ခံ ရသည်မျိုးလည်း ရှိသည်။ သို့သော် ဇွဲမလျှော့ကြဘဲ နိုင်ငံခြား သွားရဖို့အရေးသာ ဆောင်ရွက်နေကြသူပင်။

လူငယ်တို့သည် အလျင်တစ်လက ရန်ကုန်ကို ဆင်းလာကြပေမဲ့ အေးဂျင့်မှ ခေါ်စာမရောက်သေးဟု ဆိုသဖြင့် စောင့်နေစဉ်တွင် အကုန်အကျ စရိတ်ကြောင့် အခက်တွေ့ကာ မိမိနေထိုင်ရာ တောင်ပေါ် ဒေသသို့ ပြန်လာခြင်းပင်။ တစ်လေးလုံး စစ်ဆင်ရေး ဖြစ်ပွားရာတွင်လည်း ရှေ့တန်း ကူထွက်ကြသည့် လူငယ်တွေပါ။ သို့ရာ လေးရက်အကြာမှ အေးဂျင့်ဆီက ခေါ်စာရောက်လာပြန်ရာ ရန်ကုန်ကို ပြန်ဆင်းရန် အခက်တွေ့နေတော့သည်။

အစပိုင်း မသွားတော့ရန် ဆုံးဖြတ်ကြသော်လည်း အသနားခံ ဒူးထောက်မတတ် တိုက်တွန်းကြပြန်သည့် မိဘများကြောင့် လူငယ်များမှာ အသက်စွန့်ကာ ပြည်နယ်ကြီးက စွန့်ခွာရန် ပြင်ကြတော့သည်။ လမ်းကြောင်းအမျိုးမျိုးကို ရှာဖွေပြီးမှ ခက်ခဲစွာ ခိုးထွက်ရသည်။ လမ်းခရီးက တစ်ဝက်ထိ အဆင်ပြေပေမဲ့ တခြားပြည်နယ်နှင့် နယ်နမိတ်ချင်း ထိစပ်သည့် နေရာတွင် စကစတို့ဆီမှာ မိသွားခြင်း။

မိသွားသည်ဆိုသည်ထက် ထိတွေ့တိုက်ပွဲ အများဆုံး ဖြစ်ပွားသည့် ပြည်နယ်ကလာမှန်း မှတ်ပုံတင်မှာ မြင်ရသည်နှင့် စကစတို့က အလိုလို မဲမာန်ပြီးသား။

"မိုက်ရိုင်းလိုက်တဲ့ စစ်ခွေးတွေ..."

"မင်းတို့ ဘာအသံမှ မထွက်ကြနဲ့!"

အု...ဖြန်း....

ကန်ကျောက်သည့် အသံနှင့်၊ ရိုက်နှက်သည့် အသံများသည် တစ်ပြိုင်တည်း ကျယ်လောင်စွာ ထွက်လာသည်။ လူငယ်တို့မှာ သွေးတွေ အန်ချင်သော်လည်း အန်ခွင့်မရ။ အကြောင်းမှာ စစ်မေးသည့် အချိန်ကတည်းက လက်ကို ကြိုးဖြင့် နောက်ပြန်တုပ်၊ မျက်လုံး၊ ပါးစပ်တို့ကို အဝတ်မည်းဖြင့် အုပ်စည်းထားခြင်း ခံရထားခြင်းပင်။

ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)Where stories live. Discover now