အချပ်ပို (၈၈)

136 22 9
                                    

ယခုရက်ပိုင်း ခွန်းဒါရီသည် ရှေ့တန်းအစား အစည်းအဝေးကို မကြာခဏ သွားတက်ရသည်။ ဆိုသည်က ကြားကာလစီမံအုပ်ချုပ်ရေး စတင်ကြိုးပမ်းနေသည့် ကာလမို့ပါတဲ့။ အုပ်ချုပ်ရေးတွင် မပါပေမဲ့ ကာကွယ်ရေးအပိုင်းက ဗိုလ်ကြီးတစ်ဦးအနေဖြင့် သွားရောက် နားထောင်ရခြင်း။ မဟာမိတ်တပ်များ၏ အခမ်းအနားကိုလည်း ရံဖန်ရံခါ သွားတက်ရ၏။ အစည်းအဝေးကလွှဲပြီး အခမ်းအနားပွဲကို ဈာန်ဘုန်းနိုင် လိုက်သွားခွင့် ရပါသည်။ သို့သော် ကိုယ့်တာဝန်နှင့်ကိုယ် လှုပ်ရှားနေကြသဖြင့် အရင်လို သိပ်မပူးကပ်ရတော့။

ယနေ့ညမှာ ကလေးစိတ်ပညာအကြောင်း လေ့လာနေရင်း မသိသည့် အင်္ဂလိပ်စာလုံးကိုရှာရန် ဖုန်းကိုင်သည်။ သို့သော် ခွန်းဒါရီကို သတိရလိုက်တာဟု တွေးသည်နှင့် လက်သည်ဖုန်းခေါ်ရသည့် အစိမ်းရောင်ခလုတ်ထဲ အလိုလိုရောက်ပြီးသား။

'လူကြီးမင်း ခေါ်ဆိုသောဖုန်းမှာ-'

တိ!

ဆက်သွယ်မှုဧရိယာပြင်ပမှန်း သိသဖြင့် ချပစ်လိုက်ကာ အလွမ်းပြေရန် အယ်လ်ဘမ်ထဲတွင်သာ ဝင်လိုက်သည်။ ရိုက်ခဲ့သောပုံနှင့်တကွ ရက်စွဲတွေပါသဖြင့် အမှတ်တရများက တက်လာသည်။

ခွန်းဒါရီကို ခိုးရိုက်ထားသည့်ပုံတွေ။ ခွန်းဒါရီက ကိုယ့်ကို ရိုက်ပေးထားတဲ့ပုံတွေ။ ပြီးတော့ အတူတူရိုက်ထားသည့် ဆယ်လ်ဖီပုံတွေ။ ရဲဘော်တို့က ရိုက်ပေးထားသည့် စုံတွဲပုံတွေ။ ပုံတိုင်းမှာ ဈာန်ဘုန်းနိုင်က ချောမောခန့်ညားနေရော။ ခွန်းဒါရီကင်မရာကို ကြည့်သည်က ရှားပါးလှပြီး အများအားဖြင့် ဈာန်ဘုန်းနိုင်ကိုသာ မြတ်မြတ်နိုးနိုး လှည့်ကြည့်သည်။

လွမ်းတာ မောင်ကြီးကို။

စခရင်မ်ကို ဖွဖွလေးပွတ်ကာ ပြုံးနေမိ၏။ ထို့နောက် ဈာန်ဘုန်းနိုင် ရိုက်ထားသည့် အမှတ်တရ ဗီဒီယိုများကို ပြန်ကြည့်နေရင်း လွမ်းမောစွာ ပြုံးနေလျက်သား။

အများကြီးထဲမှာမှ လွန်ခဲ့သော နှစ်နှစ်တုန်းက ခွန်းဒါရီ ကိုယ့်အတွက် ရိုးရာဟင်းတစ်ခုဖြစ်သည့် မှိုဟင်းရည်ကို ချက်ပေးသည့်ဗီဒီယိုအား သဘောကျစွာ ဝင်ကြည့်သည်။

ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)Où les histoires vivent. Découvrez maintenant