အချပ်ပို (၈၄)

187 27 3
                                    

ယနေ့ ကျုပ်တို့အိမ်တွင် ပွဲရှိသည်။ ပွဲဟု ကျုပ်ဆိုခြင်းမှာ နောင်ကြီးက 'အလှူမင်္ဂလာပွဲ' ဟု ပြောထားခြင်းကြောင့်။ ကျုပ်ဓလေ့နှင့် သူ့ယုံကြည်ရေးပါ ပေါင်းစပ်ပြီး နောင်ကြီးက သံဃာတော် ငါးပါးကိုဖိတ်ကာ ရေစက်ချအလှူ အထမြောက်စေသည်။ တမလွန်က သူ့မိခင်ကို ရည်စူးပြီး သာဓုခေါ်နိုင်ဖို့လည်း ပါသည်တဲ့။ ကျုပ်အတွက်က ကြက်အပျိုကိုသတ်ပြီး တမလွန်က ဘိုးဘွား၊ မိဘတို့ စိတ်ကျေနပ်အောင် စွန့်ကြဲပေးရခြင်း။

သိသည့်အတိုင်း နှစ်ပတ်ကြာအောင် ကျုပ် ဖျားခဲ့သည်။ ထို့နောက် နောင်ကြီးက 'ကလေးယူရအောင်' ဟု လာပြောသည်။ ဘာကြောင့်လဲ ကျုပ် သိပ်သိတာပေါ့။ ကလေးမယူဘူးဟု ဆိုခဲ့သည့်နောင်ကြီးက ကျုပ်အတွက်ကြောင့် လိုလိုလားလားနှင့် ကလေးယူချင်ပြန်ရော။ ကျုပ်အတွက်တောင် သူ့ဆန္ဒကို ပြောင်းပေးမှတော့ ငြင်းဆန်လို့ ဘယ်ရနိုင်ပါ့မလဲ။ ထိုအခါမှ ကျုပ် ပြန်သက်သာလာခဲ့သည်။

တကယ်တော့ ကျုပ် မကျေနပ်ပါ။ ကြက်ကလီစာတွေကို အုတ်ဂူပေါ် သွားတင်ရသည့်အချိန် ကျုပ်စိတ်ထဲ ထိုသို့သော စကားတွေကိုသာ ဆိုနေမိသည်။

ဘိုးနဲ့ဘွား၊ ဖာ့နဲ့မို့တို့ကို ကျုပ် ပြောထားမယ်။ ခင်ဗျားတို့ကြောင့် ပြောင်းလဲသွားလိုက်ရတဲ့ နောင်ကြီးရဲ့ဆန္ဒအတိုင်း ကျုပ် လိုက်လျောပေမဲ့ အဲ့ကလေးကို ကျုပ် ဘယ်တော့မှ ချစ်နိုင်မှာ မဟုတ်ဘူး။ ကျုပ် အသွေးအသားနဲ့ ရမဲ့ကလေးဆိုရင်တောင်မှ နောင်ကြီးကိုပဲ ကျုပ် ဂရုစိုက်မယ်။ ဒါကို မြင်တဲ့အခါမှာ ထပ်မနှောင့်ယှက်ပါနဲ့တော့။ ဘာပဲဖြစ်ဖြစ် ကလေးရရင် တော်ရောပဲ မဟုတ်လား။

ကျုပ်အတ္တကို မရှိလာသေးသည့်ကလေးက သိသွားပြီး မမွေးဖွားရဲဘူး ဆိုရင်လဲ ကောင်းပါသည်။ လူသားအပိုတစ်ယောက် မရှိတော့ဘူးပေါ့။

နောင်ကြီးမှာတော့ ကျုပ်နဲ့ ဆန့်ကျင်စွာ အင်မတန် လှုပ်ရှားနေလေရဲ့။ ကျုပ် သဘောတူသည့်နေ့ကတည်းက ထိုသို့သော စကားတွေကိုသာ ဆိုလာတတ်သူပါ။

"ကလေးကို ဖန်ပြွန်သန္ဓေနည်းနဲ့ ယူမယ်ဆိုတော့ မ-မျိုးပွားဥအလှူရှင် ရှာရမှာနော်"

ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)Where stories live. Discover now