အချပ်ပို (၉၁)

188 21 8
                                    

ကျလိ! ကျလိ! ကျလိ!

မနက်အစောကြီးမှာ စူးစူးရှရှ အော်မြည်နေသည့်ငှက်သံသည်ကား ဖြူလုံးလေးဆီကပင်။ ထပ်ခါထပ်ခါနှင့် ဆူညံလွန်းလှသည်မို့ ဈာန်ဘုန်းနိုင် ဆက်မအိပ်နိုင်တော့။ မနက် ၆ နာရီကတည်းက လာနှိုးနေရှာပေမဲ့ သူ့ကျေးဇူးရှင် ဈာန်ဘုန်းနိုင်က ၈ နာရီမှ ထလာသည်တဲ့လေ။

"အေး အေး၊ ကိုယ် ထလာပြီ ဖြူလုံးလေးရေ"

အိပ်ရာသိမ်းပြီး စကားပြန်ဆိုမှ ကျေနပ်သွားဟန် ဈာန်ဘုန်းနိုင်၏ ပခုံးပေါ်ကို လာနားကာ ပွတ်သီးပွတ်သပ်ပြု၏။ ဖြူလုံးလေး ဒီလိုလာရင်းနှီးသည်မှာ ရက်ပိုင်းအချို့ ကြာလေပြီ။

ခွန်းဒါရီဆီက ပြန်လာတော့ ကိုယ်စကားပြောခဲ့သည့် ဖြူလုံးလေးက စခန်းရှေ့မှာ စောင့်ကြိုခဲ့သည်တဲ့။ ဈာန်ဘုန်းနိုင်မှာ ချစ်မဝဖြစ်ရပြီး မိတ်ဆွေအသစ်ရသလို ဂရုတစိုက်စကားပြောပေးသည်။ သို့နှင့် မည်သူ၏ခိုင်းစေမှုမပါဘဲ သင်းလေးက အိပ်ရာနှိုးသည့် တာဝန်ကို ကျေပွန်စွာ ထမ်းရွက်ပါလေရော။

"မောနင်း၊ နိုးပေးလို့ ကျေးဇူးနော်"

အပြုံးလေးနှင့် ခေါင်းသေးသေးလေးကို ဖွဖွလေးထိတော့ ရွှင်ပျစွာ တကျိကျိပြန်ပြုသည်။ တကယ်ဆို သိပ်မကျေနပ်လှ။ ဘယ်သူ့ဖိအားမှမပါဘဲ ဈာန်ဘုန်းနိုင် ကိုယ့်ဘာသာ ထချင်တာကို။

ဖြူလုံးလေးသာ စကားပြောတတ်လျှင် 'ကိုယ့်ဘာသာနှိုးကြေးဆို လူကြီးမင်းက နေ့လယ်ခင်းမှ ထလာမှာလေ' လို့ ပြန်ပြောနေလောက်မှာ။

တာဝန်ပြီးသည်နှင့် ဖြူလုံးလေးက အစာရှာဖို့ ပျံထွက်သွားလေပြီ။ ဈာန်ဘုန်းနိုင် သဘောတကျ ဖြစ်မိပြီး ရေမိုးချိုးပြင်ဆင်ကာ မနက်စာစားသည်။ မနက်စာစားပြီး ပြန်လာ၊ လိုင်းဖွင့်ကြည့်တော့ အင်္ဂလန်ကဆရာဝန်ဆီမှ ကိုယ်ဝန်ဆောင်မိခင်နေမကောင်းကြောင်း သတင်းရသည်။ ကိုယ်တို့သွေးသားကို လွယ်ထားရသူမို့ စိတ်ပူသွားရကာ ဖုန်းခေါ်ပြီး အခြေအနေကို ချက်ချင်းမေးမြန်းကြည့်ရ၏။

"မိခင်က အအေးစာ အရမ်းစားချင်တယ်ဆိုပြီး တားမြစ်ထားတဲ့ကြားက စားလိုက်လို့ ဗိုက်နာသွားတာပါ၊ အခု ဆေးသွင်းထားလို့ ပြန်သက်သာလာပါပြီ"

ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)Donde viven las historias. Descúbrelo ahora